ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ယမန်နေ့က ကျင်းပခဲ့တဲ့ Thai Fight မွေ့ထိုင်းလက်ဝှေ့ပြိုင်ပွဲမှာ မြန်မာ့ ကယန်းကျားသစ်မယ်လို့ တင်စားခံထားရတဲ့ ကရင်နီ အမျိုးသမီး လက်ဝှေ့မယ် ဘရော်နီကာဟာ သူမရဲ့ ပြိုင်ဘက် ထိုင်းလက်ဝှေ့မယ် ယင်ဆီရမ်ကို အလဲထိုးနဲ့ အနိုင်ရခဲ့ကြောင်း သိရပါတယ်။

Photo Credit: Thai Fight

သုံးချီစနစ်နဲ့ ယှဉ်ပြိုင်ရတဲ့ မွေ့ထိုင်းလက်ဝှေ့ပွဲမှာ ဘရော်နီကာက သူမရဲ့ ပြိုင်ဘက်ကို ပွဲစကတည်းက ဖိအားပေး ထိုးသတ်နိုင်ခဲ့ပြီး ပထမအချီ အတွင်းမှာပဲ ဘယ်ညာ လက်သီးတွဲလုံးတွေနဲ့ အတူ ယင်ဆီရမ်ကို အလဲထိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Thai Fight

ဘရော်နီကာဟာ Thai Fight အဖွဲ့အစည်းနဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားနိုင်ပြီး သူမက Thai Fight အဖွဲ့အစည်းနဲ့ ပထမဦးဆုံး လက်တွဲခွင့် ရခဲ့တဲ့ မြန်မာနိုင်ငံသား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရပါသေးတယ်။