ပီအက်စ်ဂျီအသင်းမှာ ပါဝင်ကစားနေတဲ့ အာဂျင်တီးနား ထိပ်တန်း တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီရဲ့ ဖခင်ဖြစ်သူ ဟိုဂေမက်ဆီက စပိန်နိုင်ငံ ဘာစီလိုနာမြို့ကို ရောက်ရှိနေချိန် စပိန်သတင်းရုပ်သံတစ်ခုက မက်ဆီရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းလာခဲ့ရာ ဟိုဂေမက်ဆီက သူ့သားဟာ တချိန်မှာ ဘာစီလိုနာအသင်းဆီကို ပြန်လည်ရောက်ရှိလာနိုင်တယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

Lionel Messi earned $122m last year. He still felt the need to take Saudi  money | Lionel Messi | The Guardian

Photo Credit : The Guardian

အသက်(၃၄)နှစ်အရွှယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ အာဂျင်တီးနားလက်ရွေးစင် GOAT ကြီး မက်ဆီက ဒီနှစ်နွေရာသီမှာပဲ ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပြီး နယ်မြေသစ်မှာ အကျွမ်းတဝင်ဖြစ်ဖို့ ရုန်းကန်ခဲ့ရသလို လီဂူးမှာလည်း (၆)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရချိန်မှာ ပီအက်စ်ဂျီ အသင်းပရိသတ်တွေက မက်ဆီနဲ့ နေမာတို့ကို ဦးတည်ပြီး အော်ဟစ်လှောင်ပြောင်မှုတွေ လုပ်ဆောင်လာခဲ့တာကြောင့် မက်ဆီရဲ့ အနာဂတ်ပါ မရေမရာ ဖြစ်လာခဲ့ရပြီး သူ့အသင်းဟောင်း ဘာစီလိုနာဆီ ပြန်သွားဖွယ် ရှိနေတယ်ဆိုတဲ့ သတင်းတွေပါ ထွက်ပေါ်လာခဲ့ရပါတယ်။

Jorge Messi (back) wants his son to return to Barcelona

Photo Credit : The Sun

မက်ဆီဟာ ၂ဝဝဝခုနှစ်မှာကတည်းက အာဂျင်တီးနား ဘောလုံးအသင်း နယူးဝဲလ်အိုးဘွိုင်းစ် လူငယ်အကယ်ဒမီကနေ ဘာစီလိုနာ လူငယ်အကယ်ဒမီ လာမာစီယာကို ရောက်ရှိလာခဲ့ပြီး ၂၀၀၄-၂၀၀၅ ဘောလုံးရာသီမှာပဲ သူရဲ့စီနီယာ ကစားသမားဘဝကို စတင်နိုင်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းမှာ ဘောလုံးရာသီ (၁၇)ရာသီအထိ ဖြတ်သန်းခဲ့ပြီး အဓိကဆုဖလား (၂၄)ခုထိ ပိုင်ဆိုင်နိုင်ခဲ့သလို Ballon d’Or ဆုပါ (၇)ကြိမ်ထိ ပိုင်ဆိုင်နိုင်ခဲ့ရတဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းကနေ မထွက်ခွာချင်ပေမယ့်လည်း အသင်းက အကြွေးနှံနစ်နေသလို ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့လည်း ရင်ဆိုင်နေရချိန်ဖြစ်လို့ မက်ဆီရဲ့ စာချုပ်သက်တမ်းကို မတိုးမြှင့်နိုင်တော့ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးလိုက်ရတာ ဖြစ်ပါတယ်။ ဘာစီလိုနာကနေ ပီအက်စ်ဂျီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့တဲ့ မက်ဆီဟာ ပီအက်စ်ဂျီနဲ့အတူ လီဂူးချန်ပီယံဆုဖလားကို ပိုင်ဆိုင်နိုင်ခဲ့ရပေမယ့်လည်း သူ့အသင်းဟောင်း ဘာစီလိုနာနဲ့ သတင်းတွေကတော့ မကြာခဏဆိုသလို ထွက်ပေါ်လို့နေပြီး လက်ရှိမှာလည်း သူရဲ့ဖခင်ဖြစ်သူ ဟိုဂေမက်ဆီကပါ “လီလိုက တစ်နေ့မှာ ဘာစီလိုနာကို ပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။