မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဘင်ဖီကာအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဧည့်သည်လီဗာပူးလ်အသင်းက နောက်ခံလူ ကွန်နာတေး တိုက်စစ်ကစားသမား မာနေးနဲ့ တောင်ပံကစားသမားသစ် လူးဝစ်ဒီယက်ဇ်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပေါ်တူဂီမြေမှာ ရလဒ်ကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တာကြောင့် ဆီမီးတတ်ဖို့ အခြေအနေကောင်းသွားခဲ့ရသလို အသင်းသမိုင်းတလျှောက် စံချိန်သစ်တစ်ခုကိုပါ ရယူသွားနိုင်ခဲ့ရပါတယ်။

Benfica 1-3 Liverpool: Clinical Reds take commanding lead | UEFA Champions  League | UEFA.com

Photo Credit : UEFA

လီဗာပူးလ်အသင်းဟာ အိမ်ကွင်းအဝေးကွင်းမရွေးပဲ အကောင်းဆုံးပုံစံပြတတ်တဲ့ အသင်းပီပီ ဘင်ဖီကာအသင်းကိုလည်း အဝေးကွင်းမှာ အကောင်းဆုံး ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမပိုင်းမှာကတည်းက (၂)ဂိုးပြတ်နဲ့ကို ဦးဆောင်ခဲ့သလို ပွဲအပြီးမှာလည်း (၁)ဂိုး (၃)ဂိုးဆိုတဲ့ ရလဒ်နဲ့ပါ အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက ဆီမီးဖိုင်နယ်အဆင့်ကို တတ်လှမ်းသွားပြီလို့တောင် အသေအချာ ယူဆလို့ရတဲ့ အခြေအနေမျိုး ဖြစ်သွားခဲ့ရပြီး ဒီနိုင်ပွဲကြောင့်ပဲ လီဗာပူးလ်က အသင်းသမိုင်းကြောင်းတလျှောက်မှာ တစ်ခါမှကို မပိုင်ဆိုင်ဖူးသေးတဲ့ စံချိန်တစ်ခုကိုပါ ရရှိပိုင်ဆိုင်သွားခဲ့ရပါတယ်။

Liverpool FC News and LFC transfer rumours - This Is Anfield

Photo Credit : This is Anfield

လီဗာပူးလ်အသင်းဟာ ဂျာမနီလူမျိုး ဘောလုံးနည်းပြကြီး ကလော့ပ်ရဲ့လက်အောက်မှာ အခုလက်ရှိ နောက်ဆုံးကစားထားခဲ့ရတဲ့ ပြိုင်ပွဲစုံ အဝေးကွင်း(၈)ပွဲဆက်တိုက်ထိ နိုင်ပွဲရယူနိုင်ခဲ့တဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ရရှိပိုင်ဆိုင်သွားနိုင်ခဲ့ပါတယ်။ ဒါစံချိန်ဟာ အသင်းအတွက်တော့ ပထမဆုံးအကြိမ် ပိုင်ဆိုင်နိုင်ခဲ့တဲ့ စံချိန်ကောင်းတစ်ခု ဖြစ်သလို ပိုပြီးအားရစရာကောင်းတာက အဲ့ဒီ (၈)ပွဲအတွင်းမှာ (၁၆)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ခံစစ်ကလည်း (၂)ဂိုးသာ ပြန်လည်ခွင့်ပြုခဲ့ရပါတယ်။ ဒါ့အပြင် လီဗာပူးလ်အသင်းဟာ အခုလို ဘင်ဖီကာအသင်းကို အဝေးကွင်းနိုင်ပွဲရခဲ့တဲ့အတွက် အသက်လက်တီကို အေစီမီလန် ပေါ်တိုအသင်းတွေနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် အဝေးကွင်းပွဲစဉ်တွေနဲ့ အင်တာမီလန်ကို ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် အဝေးကွင်းပွဲစဉ်တွေ အပါအဝင် ချန်ပီယံလိဂ် အဝေးကွင်း(၅)ပွဲဆက်တိုက်အထိကိုပါ နိုင်ပွဲဆက်အောင် စွမ်းဆောင်နိုင်ခဲ့ပါသေးတယ်။ လက်ရှိမှာ ခါရာဘောင်း လိဂ်ဖလားတစ်လုံး ပိုင်ဆိုင်ထားတဲ့ ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းဟာ ဆုဖလား(၄)ခု လမ်းကြောင်းမှာ ကောင်းကောင်းမွန်မွန် ရပ်တည်နေသေးပြီး ပရီးမီးယားလိဂ်ရော ချန်ပီယံလိဂ်ရော အက်အေဖလားမှာပါ မန်စီးတီးအသင်းနဲ့သာ ထိပ်တိုက်ရင်ဆိုင်ရဖွယ် ရှိနေရပါတယ်။