လက်ရှိမှာ ဘရာဇီးလ်လက်ရွေးစင်အသင်းကို ကိုင်တွယ်လျက် ရှိနေတဲ့ ဘရာဇီးလ်လူမျိုး ဝါရင့်ဘောလုံးနည်းပြကြီး တိထီဟာ မကြာခင် ကာတာနိုင်ငံမှာ ကျင်းပသွားတော့မယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးအပြီး ဘရာဇီးလ်နည်းပြ ရာထူးကနေ ထွက်ခွာပြီး ကလပ်အသင်းနည်းပြအဖြစ် ပြန်လည်တာဝန်ယူသွားဖို့အတွက် ဆန္ဒရှိနေရာ လတ်တလောမှာတော့ ပရီးမီးယားလိဂ် နာမည်ကျော်ကလပ် အာဆင်နယ်အသင်းနဲ့ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ သိရှိရပါတယ်။

Brazil boss Tite has been linked with taking a job at Arsenal after discussions with Edu

Photo Credit : The Sun

အသက်(၆၀)အရွှယ် ရှိနေပြီဖြစ်တဲ့ နည်းပြကြီး တိထီဟာ ၂၀၁၆ခုနှစ်ကနေ စတင်ပြီး ဘရာဇီးလ်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ပြီး ၂၀၁၉ခုနှစ်မှာပဲ အသင်းကို ကိုပါအမေရိက ချန်ပီယံ ဖြစ်စေနိုင်ခဲ့သလို ၂၀၂၂ခုနျစ် ကာတာကမ္ဘာ့ဖလားပြိ်ုင်ပွဲ ဝင်ရောက်ဆင်နွဲနိုင်ဖို့ စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြတိထီအနေနဲ့ ဘရာဇီးလ်အသင်းနဲ့အတူ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆင်နွဲပြီးချိန်မှာ အသင်းနည်းပြရာထူးကနေ ထွက်ခွာသွားဖို့ အဆင်သင့်ဖြစ်နေရသလို ကလပ်အသင်းနည်းပြအဖြစ် ပြောင်းလဲလုပ်ဆောင်သွားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

Tite set to lead Brazil into new era as World Cup qualifying resumes |  Goal.com

Photo Credit : Goal

ဒီလို အခြေအနေရှိနေတဲ့ နည်းပြကြီးတိထီဟာ သူနဲ့ အကြိမ်ကြိမ် လက်တွဲခဲ့ဖူးတဲ့ ဘရာဇီးလ်ကစားသမားဟောင်းကြီး အီဒူးနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လာခဲ့ပြီးနောက်မှာ တီထီရဲ့လားရာက အာဆင်နယ်အသင်း ဖြစ်လာနိုင်တယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။ အီဒူးဟာ လက်ရှိမှာ အာဆင်နယ်အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွှက်ခဲ့ပေမယ့် ၂၀၁၆ခုနှစ်ကနေ ၂၀၁၉ခုနှစ်အထိ ဘရာဇီးလ်အသင်းမှာ အထွေထွေညှိနှိုင်းရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး တိထီနဲ့ ပူးပေါင်းလုပ်ကိုင်ခဲ့ဖူးသလို တိထီ ဘရာဇီးလ်ကလပ် ကိုရင်သီယန်စ်အသင်းကို ကိုင်တွယ်နေချိန်တုန်းကလည်း အီဒူးက ကိုရင်သီယန်စ်ရဲ့ ဘောလုံးဒါရိုက်တာအဖြစ်ပါ လက်တွဲလုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒီလို အလုပ်အတူတွဲ လုပ်ကိုင်ခဲ့ဖူးကြတဲ့ အီဒူးနဲ့ တိထီတို့ဟာ မကြာခင်မှာပဲ အာဆင်နယ်အသင်းမှာပါ ထပ်မံလက်တွဲသွားဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပေမယ့်လည်း အာဆင်နယ်အသင်း တာဝန်ရှိသူတွေကတော့ အသင်းရဲ့လက်ရှိနည်းပြ မီခယ်လ်အာတီတာကိုသာ သဘောကျတာကြောင့် အာတီတာနေရာမှာ တိထီကို အစားထိုးသွားဖို့ ဖြစ်နိုင်ခြေ အလွန်နည်းပါးလို့ နေပါတယ်။