စပိန်လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့် ဖြစ်သူ လာမိုင်း ယာမယ်လ်က သူတို့အသင်းဟာ ယနေ့ညမှာ ကစားမယ့် အယ်ကလပ်စီကိုဒါဘီပွဲမှာ ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၃-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူပြမယ်လို့ ကြွေးကြော်သွားခဲ့ပါတယ်။

အသက် ၁၆နှစ် အရွယ်သာ ရှိသေးတဲ့ စပိန်လူငယ်ကြယ်ပွင့် လာမိုင်း ယာမယ်လ်က ဘာစီလိုနာရဲ့ နာမည်ကျော် လာမာစီယာ အကယ်ဒမီထွက် ကစားသမား ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာနဲ့အတူ တောက်ပနေသူပါ။

Photo Credit: Standard

လာမိုင်း ယာမယ်လ်က ဘာစီီီီီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၄၂ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၅ကြိမ် ရရှိထားပြီး သူ့ရဲ့ အမြန်နှုန်းက ဘာစီလိုနာရဲ့ လက်နက်ပုန်း တခု ဖြစ်နေပါတယ်။

ယနေ့ညမှာတော့ ဘာစီလိုနာက အယ်ကလပ်စီကိုဒါဘီ အဖြစ် မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီး ဘာစီလိုနာက အဆိုပါပွဲကိုသာ အနိုင်ရခဲ့ရင် ရီးရဲလ်နဲ့ ရမှတ် ကွာဟချက်ကို လျှော့ချနိုင်ဖို့ ရှိနေတာကြောင့် ဘာစီလိုနာက လာလီဂါ ချန်ပီယံဘွဲ့ကို ကာကွယ်ချင်ရင် ရီးရဲလ်ကို မဖြစ်မနေ အနိုင် ကစားဖို့ လိုအပ်နေပါတယ်။

Photo Credit: Goal

လတ်တလော ခြေစွမ်းပိုင်းအရ နှစ်သင်းကြားမှာ ကွာဟချက် ကြီးကြီးမားမား ရှိမနေပေမယ့် ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ် ကစားရဖို့ ရှိနေတဲ့ အချက်ကြောင့် ဘာစီလိုနာက ဒီပွဲမှာ ရလဒ်ကောင်း ရဖို့ ရာခိုင်နှုန်း ပိုများနေပါတယ်။

ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့် လာမိုင်း ယာမယ်လ်ကတော့ သူတို့အသင်းဟာ အဝေးကွင်းမှာ ရီးရဲလ်ကို အနိုင်ရလိမ့်မယ်လို့ ယုံကြည်နေသလို သူကလည်း ရီးရဲလ်ဘက်ကို ဂိုးသွင်းယူနိုင်မယ်လို့ ထင်​မြင်နေပါတယ်။ အယ်ကလပ်စီကိုဒါဘီနဲ့ ပတ်သတ်ပြီး လာမိုင်း ယာမယ်လ်က – “ကျွန်တော့်ရဲ့ အယ်ကလပ်စီကိုပွဲ ခန့်မှန်းချက်လား။ ကျွန်တော်တို့က ၃-၁နဲ့ နိုင်ပါမယ်။ ပြီးတော့ ကျွန်တော်က ၁ဂိုးသွင်းပါမယ်” လို့ ပြောကြားခဲ့ပါတယ်။