ကာရေဂါက မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်းကို ကမ္ဘာ့အဆင့် ကစားသမား မဟုတ်သေးဘူးလို့ သတ်မှတ်ခဲ့ပြီး ဘာလွန်းဒေါဆုရှင် ဖြစ်လာချင်ရင်တော့ ပွဲကြီးတွေမှာပါ အသင်းအတွက် ပိုမို ပါဝင်နိုင်ရမယ်လို့ သုံးသပ်ပြောဆိုခဲ့ခြင်းအပေါ် မန်စီးတီးနည်းပြ ဂွာဒီယိုလာက ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

ဟာလန်းက မန်စီးတီးအသင်းမှာ (၂)ရာသီနီးပါးအထိ ဖြတ်သန်းနေပြီဖြစ်ပြီး ဒီရာသီမှာလည်း ပြိုင်ပွဲစုံ သွင်းဂိုး (၃၀)အထိ သွင်းယူထားသည့်တိုင် ကလပ်အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ ပွဲတွေမှာတော့ အမြဲလိုလို ရုန်းကန်နေရတက်လို့ ဝေဖန်မှုတွေနဲ့ ကြုံတွေ့နေရပါတယ်။

Photo Credit : Sky Sports

မန်ယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်ကိန်းဆိုရင် ဟာလန်းကို လိဂ်တူးကစားသမားလို့ပါ ဝေဖန်ခဲ့သေးသလို ကာရေဂါကလည်း ဟာလန်းက world-class ကစားသမား မဖြစ်သေးပဲ ဟယ်ရီကိန်း အွန်နရီ ဆွာရက်ဇ်တို့လို အဆင်တ့အတန်းမျိုးမှာ မရှိသေးဘူးလို့ပါ ထောက်ပြသွားခဲ့ပါတယ်။

ကာရေဂါရဲ့ ထောက်ပြမှုမှာတော့ ဟာလန်းအနေနဲ့ ဘာလွန်းဒေါအထိ မျှော်မှန်းထားမယ်ဆိုရင် ပွဲစဉ်တွေအတွင်း ဂိုးသွင်းဖို့ တစ်ခုတည်းကိုသာ အာရုံမစိုက်ထားပဲ အသင်းအတွက် ပါဝင်ကစားမှုကို ပိုမို လုပ်ဆောင်နိုင်သင့်တယ်လို့ ပါဝင်ခဲ့တဲ့အပေါ် မန်စီးတီးနည်းပြ ဂွာဒီယိုလာက တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit : Goal

“သူရဲ့ပစ်မှတ်က ဘာလွန်းဒေါဆု မဟုတ်ဘူး။ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့က သူ ပစ်မှတ်ထားခဲ့တာ။ အဲ့ဒီလို ပစ်မှတ်ထားထားတဲ့ အတိုင်းလည်း သူလုပ်ဆောင်နိုင်ခဲ့တယ်။ သူသာ မရှိဘူးဆိုရင်တော့ ဒီလို အောင်မြင်လာဖို့ ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။ သူ ရှိမနေဘူးဆိုရင် ၂၀၂၃ခုနှစ်ထဲမှာ ကျွန်တော်တို့ ဖလား (၅)လုံးကို ရယူနိုင်မှာလည်း မဟုတ်ဘူး။”

“သူဟာ ကျွန်တော့်အသင်းအတွက် အဓိက ကစားသမားတစ်ယောက်ပါ။ သူရဲ့အသက်အရွယ် သူရဲ့စိတ်အားထက်သန်မှုတွေကြောင့် ပိုမိုပြီး တိုးတက်လာဦးမှာပါ။ ပွဲများများ ကစားရလေ ပွဲအတွေ့အကြုံလည်း ပိုရှိလာမယ်။ သူက အနာဂတ်မှာ ဆက်ပြီး တောက်ပနေမှာပါ။” လို့ ဂွာဒီယိုလာက တုံ့ပြန်ပြောဆိုသွားခဲ့ပါတယ်။