အူနိုင်းအမ်မရီကတော့ သူရဲ့ အက်စတွန်ဗီလာအသင်းအတွက် စပိန် နောက်ခံကစားသမား ပါအူတောရက်စ်ကို ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့ပြီးချိန် နောက်ထပ် တောရက်စ် တစ်ဦးဖြစ်သူ ဖာရန်းတောရက်စ်ကိုပါ ဘာစီလိုနာအသင်းကနေ အငှားနဲ့ ခေါ်ယူသွားဖို့လည်း စီစဉ်လျက် ရှိနေပါတယ်။

Photo Credit : Fabrizio Romano

နည်းပြ အမ်မရီက သူနဲ့အတူ ဗီလာရီးယဲလ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ပါအူတောရက်စ်ကို ဗီလာအသင်းဆီ ခေါ်ယူချင်နေခဲ့တာဖြစ်ပြီး အခုတော့ ပြောင်းရွှေ့ကြေး ယူရို (၃၅)သန်း + အပိုဆုကြေး ယူရို (၅)သန်း စုစုပေါင်း ယူရို သန်း(၄၀)နဲ့ ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်တော့ ပါအူတောရက်စ်ရဲ့ စာချုပ်လျော်ကြေးဟာ ယူရို သန်း(၆၀)အထိ ရှိနေတာဖြစ်ပြီး ဒါကိုမှ ဗီလာက ယူရို သန်း(၄၀) package နဲ့ ပါအူတောရက်စ်ကို ဈေးပေါပေါလေးနဲ့ပဲ ခေါ်ယူလိုက်နိုင်တာ ဖြစ်ပါတယ်။

Photo Credit : talkSPORT

ဒီအချိန်မှာ ဗီလာက နောက်ထပ် တောရက်စ်တစ်ဦးကိုပါ ထပ်မံ ချိန်ရွယ်လာခဲ့ပြန်ပါတယ်။ ဒီတောရက်စ်ကလည်း စပိန် ကစားသမားတစ်ဦးသာဖြစ်ပြီး မန်ချက်စတာစီးတီးအသင်းနဲ့လည်း ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ဗလင်စီယာ ကစားသမားဟောင်း ဖာရန်းတောရက်စ်က ဘာစီလိုနာမှာ ပါဝင် ကစားနေသူဖြစ်ပြီး လတ်တလောမှာ သူနဲ့ အန်ဆူဖာတီတို့ရဲ့ အခြေအနေတွေကို ဘာစီလိုနာ တာဝန်ရှိသူတွေက စိတ်ပျက်လျက် ရှိနေကာ အသင်းကနေလည်း ရှင်းထုတ်သွားချင်နေပါတယ်။

Ferran Torres responds to Barcelona transfer rumours, with Man City star  happy where he is | Goal.com US

Photo Credit : Goal

ဒီလို အခြေအနေမျိုး ရှိနေတဲ့ ဖာရန်းတောရက်စ်ကို ဗီလာက တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ပြီး တခြားသော ပရီးမီးယားလိဂ် ကလပ်အသင်းတွေကလည်း တောရက်စ်ကို ပစ်မှတ်ထားနေကာ ဗီလာ နဲ့ အပြိုင် ကမ်းလှမ်းဖွယ်လည်း ရှိနေပါတယ်။ အသက် (၂၃)နှစ်အရွယ် စပိန်လက်ရွေးစင် ကစားသမား တောရက်စ်ဟာ ပရီးမီးယားလိဂ်မှာ (၂၈)ပွဲ ကစားခဲ့ပြီး (၉)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။