မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ နောက်ခံလူ ရာဖယ်လ် ဗာရန်းကတော့ ဒဏ်ရာ ပြသာနာဆိုးတွေကနေ ရုန်းမထွက်နိုင်သေးပဲ အခုလည်း ရက်သတ္တပတ် အနည်းငယ်လောက်အထိ ထပ်မံ အနားယူသွားရတော့မယ်လို့ သိရပါတယ်။

ယူနိုက်တက်အသင်းက ဒီရာသီမှာ ဒဏ်ရာပြသာနာ အမြောက်အများနဲ့ ရင်ဆိုင်နေရပြီး အထူးသဖြင့်တော့ ခံစစ်ပိုင်းတွေမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေရတာက ယူနိုက်တက်အတွက် ထိုးနှက်ချက်တွေ ဖြစ်စေခဲ့ရပါတယ်။

Photo Credit : The Independent

ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်ခံစစ်တန်းမှာ အဓိက အတွဲအဖက်တွေ ဖြစ်ခဲ့တဲ့ လီဆန်ဒရို မာတီနက်ဇ်နဲ့ ဗာရန်းတို့ နှစ်ဦးလုံး ဒီရာသီမှာတော့ ဒဏ်ရာတွေနဲ့သာ လုံးပန်းနေရပြီး အခုဆိုရင်လည်း မာတီနက်ဇ်ရော ဗာရန်းပါ ယူနိုက်တက်အတွက် မကစားပေးနိုင်ပဲ ဖြစ်နေရပါတယ်။

အခုလည်း အသက် (၃၀)အရွယ် ပြင်သစ် ဝါရင့် ခံစစ်မှူးကြီး ဗာရန်းက ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ ရရှိခဲ့တဲ့ ကြွက်သားဒဏ်ရာကြောင့် လာမယ့် ရက်သတ္တပတ် အနည်းငယ်လောက်အထိ အနားယူသွားရဦးမှာပဲ ဖြစ်ပါတယ်။

Photo Credit : beIN SPORTS

ဗာရန်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာပဲ ဒဏ်ရာတွေနဲ့ ဖျားနာတာတွေကြောင့် ရက်ပေါင်း (၃၀)ခန့်နဲ့ ယူနိုက်တက်ရဲ့ ပွဲစဉ် (၄)ပွဲခန့်ကို လွဲချော်ထားရသလို တချို့ပွဲတွေလည်း အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရတာတွေလည်း ရှိခဲ့ရပါတယ်။

အခုတော့ ယူနိုက်တက်ခံစစ်မှာ ဗာရန်းအပြင် မာတီနက်ဇ် လင်ဒီလော့ဖ် အီဗန်စ် လုခ်ရှောနဲ့ မာလာစီယာတို့လို ခံစစ်ကစားသမားတွေ အားလုံးနီးပါး ဒဏ်ရာတွေနဲ့ ရင်ဆိုင်နေရပြီး ဘုန်းမောက်နဲ့ပွဲကိုလည်း မက်ဂွိုင်းယား ကမ်ဘွာလာ ဒါလော့နဲ့ ဝမ်ဘစ်ဆာခါတို့သာ ဆက်လက် ပွဲထွက်ရဖွယ် ရှိနေပါတယ်။