မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ရောင်ဘင်ဗန်ပါစီဟာ လက်ရှိယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ်တန်ဟက်ဂ်လက်အောက် လက်ထောက်နည်းပြအဖြစ် တာဝန်ယူသွားဖို့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့်လည်း ဗန်ပါစီကိုယ်တိုင် ဒီအခွင့်အရေးတွေကို ငြင်းဆန်ပယ်ချသွားခဲ့ပြီး ဘာကြောင့် အခုလို ပယ်ချခဲ့ရသလဲဆိုတာကို ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Robin van Persie urges Man Utd to sign 'goal machine' in summer

Photo Credit : TEAMtalk

လက်ရှိမှာ အသက်(၃၈)နှစ်အရွယ်ရှိ နယ်သာလန် တိုက်စစ်မှူးဟောင်းကြီး ဗန်ပါစီဟာ ၂၀၁၂ခုနှစ်ကနေ ၂၀၁၅ခုနှစ်အထိ ယူနိုက်တက်အသင်းအတွက် (၃)ရာသီအထိ ပါဝင်ကစားခဲ့ပြီး ယူနိုက်တက်အတွက်လည်း နောက်ဆုံးသော ပရီးမီးယားလိဂ်ဖလားကို ရယူပေးခဲ့သလို အသင်းအတွက် (၅၈)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ယူနိုက်တက်မှာ (၃)နှစ်သာ ပါဝင်ခဲ့ရပေမယ့် ယူနိုက်တက်က သူ့နှလုံးသားထဲက နေရာတစ်ခုမှာ အမြဲရှိနေမယ်လို့ ဝန်ခံထားတဲ့ ဗန်ပါစီဟာ ယူနိုက်တက်နည်းပြသစ် တန်ဟက်ဂ်နဲ့ ပူးပေါင်းပြီး အသင်းကို ကိုင်တွယ်သွားနိုင်မယ့် အခွင့်အရေးမျိုး ရရှိလာခဲ့ပေမယ့်လည်း ပယ်ချခဲ့ကာ ဖီယင်နုအသင်းရဲ့ လူငယ်နည်းပြ ရာထူးကိုုသာ ဆက်လက်ထမ်းဆောင်လို့နေပါတယ်။

Man Utd: Robin van Persie explains why he rejected Erik ten Hag offer |  Football | Metro News

Photo Credit : Metro

အခုလို တန်ဟက်ဂ်ရဲ့ ကမ်းလှမ်းချက်အပေါ် လက်မခံခဲ့ရတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်ပြီး ဗန်ပါစီက “မန်ချက်စတာယူနိုက်တက်အသင်းက ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေက ကြီးမားပါတယ်။ အသင်းနဲ့ လမ်းခွဲပြီး နောက်နှစ်အနည်းငယ်အကြာ ဖီနာဘာချီအသင်းနဲ့အတူ ပြိုင်ဘက်အဖြစ် ဒီကို ပြန်ရောက်လာခဲ့ချိန်မှာလည်း ပရိသတ်တွေရဲ့ အလွန်ကြီးမားတဲ့ အားပေးမှုကို ဆက်လက်ရရှိနေဆဲပါပဲ။ ဖီနာဘာချီနည်းပြတောင် ဒါကို အသိအမှတ်ပြုခဲ့ပါသေးတယ်။ မင်းရဲ့ ဘဝတစ်လျှောက်လုံး ဒီနေရာကို မင်းရောက်လာတိုင်း အမြဲချီးကျူးခံနေရလိမ့်မယ်လို့တောင် သူ ပြောခဲ့သေးတယ်။ သူပြောခဲ့တာကလည်း တကယ့်ကို မှန်ကန်တယ်။ အင်္ဂလန်က နေထိုင်ဖို့ကောင်းတဲ့ နိုင်ငံတစ်ခုပါ။ လူတွေကလည်း နွေးထွေးဖော်ရွေကြတယ်။ ဒါပေမယ့် ကျွန်တော့် သားနဲ့သမီးတို့က အခုအချိန်မှာ အရေးအကြီးဆုံးပါပဲ။ အခုအချိန်က ကလေးတွေအတွက် ဘယ်လိုစီစဉ်ရင် ကောင်းမလဲဆိုတာမျိုးတွေကို ကျွန်တော် ထည့်မတွက်လို့ မရပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဗန်ပါစီရဲ့သားကြီးဖြစ်သူဟာဆိုရင်လည်း မကြာသေးခင်ကမှ ဖီယင်နုအသင်းနဲ့ စီနီယာစာချုပ် ချုပ်ဆိုထားတာကြောင့် ဗန်ပါစီကိုယ်တိုင် ဖီယင်နုကနေ စွန့်ခွာဖို့ မလွယ်ကူသေးတာလည်း ဖြစ်ပါတယ်။