မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အား ဖြည့်တင်းဖို့အတွက် လက်ရှိမှာ ဝုလ်ဗ်အသင်း တိုက်စစ်ကစားသမား မာသီးယပ်စ် ကူညာကို ဝုလ်ဗ်မှာ ရရှိနေတဲ့ လစာပမာဏထက် (၂)ပိုပေးပြီး ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ The Mirror ကနေ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်အသင်းက အသင်းရဲ့ တိုက်စစ်ကစားသမား အန်တိုနီ မာရှယ်ကို လာမယ့်နွေမှာပဲ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်သွားရတော့မှာဖြစ်လို့ သူ့နေရာမှာ အစားထိုးဖို့အတွက် တိုက်စစ်ကသမားသစ်တစ်ဦး မဖြစ်မနေ လိုအပ်လာခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါကြောင့်လည်း ယူနိုက်တက်က တိုက်စစ်ကစားသမား အများအပြားကို ပစ်မှတ်ထားလာခဲ့သလို လက်ရှိမှာလည်း ဝုလ်ဗ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်မှူး ကူညာကိုပါ ချိန်ရွှယ်လာခဲ့ပြန်ပါတယ်။ အသက် (၂၅)နှစ်အရွယ်ရှိ တိုက်စစ်ကစားသမား ကူညာဟာ ၂၀၂၃ခုနှစ်ကမှ အသက်လက်တီကိုကနေ ဝုလ်ဗ်အသင်းဆီ အငှားနဲ့ ရောက်ရှိလာခဲ့ပြီး အငှားစာချုပ် ပြည့်ချိန်မှာ ယူရိုသန်း(၅၀) ပေါင် (၄၄)သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ခဲ့ပါတယ်။

လိုက်ပ်ဇစ် ဟာသာဘာလင်နဲ့ အသက်လက်တီကိုတို့မှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ဖူးတဲ့ ကူညာက လက်ရှိမှာတော့ ဝုလ်ဗ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ (၁)ရာသီခွဲအထိ ကျင်လည်ခဲ့ရင်း (၁၄)ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာလည်း ပြိုင်ပွဲစုံ (၁၄)ဂိုးအထိ သွင်းယူခဲ့ပါသေးတယ်။

Photo Credit : SPORTbible

အထောင်တိုက်စစ်နေရာအပြင် တောင်ပံနှစ်ဖက်မှာပါ ကစားနိုင်သူ ကူညာဟာ ဝုလ်ဗ်အသင်းမှာ တစ်ပတ်လုပ်ခ ပေါင် (၆၀၀၀၀)အထိ ရရှိနေသူ ဖြစ်ပေမယ့်လည်း သူ့ကို ယူနိုက်တက်အသင်းက လက်ရှိ တစ်ပတ်လုပ်ခထက် (၂)ဆတိုးပေးပြီး ကမ်းလှမ်းသွားဖို့ စီစဉ်လျက် ရှိနေပါတယ်။

ကူညာဟာ ဝုလ်ဗ်အသင်းနဲ့ ၂၀၂၇ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်သလို ဝုလ်ဗ်ရဲ့ အဓိက ကစားသမားတစ်ဦးလည်း ဖြစ်တာကြောင့် ကူညာအတွက် ပြောင်းရွှေ့ကြေးက်ု ပေါင်သန်း(၆၀)လောက်အထိ တောင်းဆိုလာဖွယ် ရှိနေပြီး ယူနိုက်တက်ကတော့ ကူညာအပြင် ဝက်စ်ဟမ်းအသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား မိုဟာမက် ကူဒက်စ်ကိုပါ ပစ်မှတ်ထားနေပြန်ပါတယ်။