မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ဘိုင်ယန်မြူးနစ် ကစားသမားတွေဖြစ်သော မူလာ ချုပိုမိုတင်းတို့အပြင် လိုက်ပ်ဇစ်ရဲ့ တ်ိုက်စစ်မှူး တီမို ဝါနာကိုပါ ဆက်သွယ်မှုတွေ လုပ်ဆောင်ထားတယ်လို့ The Athletic မှာ ဖော်ပြလာခဲ့ပါတယ်။

ယူနိုက်တက်က ဒီနွေမှာ အတ္တလန်တာရဲ့ ဒိန်းမတ် တိုက်စစ်မှူးလေး ရက်မတ်စ် ဟွိုင်လန်းကို အသင်းထံ ခေါ်ယူ အားဖြည့်ထားပေမယ့် ဟွိုင်လန်းက ပရီးမီးယားလိဂ် သွင်းဂိုး (၁)ဂိုးတည်းသာ သွင်းယူထားသေးသလို ရပ်ရှ်ဖို့ဒ် မာရှယ် ဂါနာချို အန်တိုနီ ပလစ္စထရီတို့ကလည်း ဂိုးတွေ ရရှိဖို့ ရုန်းကန်နေရပါတယ်။

Photo Credit : Goal

ဒီရာသီမှာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲပေါင်း (၂၀) ကစားထားပြီးနောက် သွင်းဂိုးပေါင်းက (၂၂)ဂိုးသာ သွင်းယူထားနိုင်တဲ့အထိ တိုက်စစ်ပိုင်း အလွန်အားနည်းလွန်းနေတာကြောင့် ဆောင်းဈေးကွက်ထဲ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းသွားချင်နေပါတယ်။

ဒါပေမယ့် ခက်တာက ယူနိုက်တက်က ဇန်နဝါရီမှာ ငွေကြေး သုံးစွဲမှုတွေကို အလုံးအရင်းနဲ့ သုံးစွဲနိုင်ဖွယ် မရှိတာကြောင့် ကစားသမားသစ် ခေါ်ယူမှုအတွက် ပြောင်းရွှေ့ကြေး အနည်းငယ် ဒါမှမဟုတ် အငှားခေါ်ယူမှုသာ လုပ်ဆောင်နိုင်ဖွယ် ရှိနေရပါတယ်။

Photo Credit : Sky Sports

လက်ရှိမှာတော့ ယူနိုက်တက်က အသက် (၃၄)နှစ်အရွယ် ကင်မရွန်း ဝါရင့် တိုက်စစ်မှူးကြီး ချုပိုမိုတင်းကို အငှားနဲ့ ခေါ်ယူသွားချင်နေသလို ချယ်လ်ဆီး ကစားသမားဟောင်း ဝါနာကိုလည်း ခေါ်ယူဖို့အတွက် လိုက်ပ်ဇစ်အသင်းဆီ ဆက်သွယ် စုံစမ်းမှုတွေ လုပ်ဆောင်ထားပါတယ်။

ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ဝါနာကို အငှား ဒါမှမဟုတ် ပြောင်းရွှေ့ကြေးတချို့နဲ့ ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး အပါအဝင် ခေါ်ယူရန် ဖြစ်နိုင်ခြေများနဲ့ ပတ်သက်ပြီး ဝါနာရဲ့ ကလပ်အသင်း လိုက်ပ်ဇစ်ကို စုံစမ်း မေးမြန်းမှုတွေ လုပ်ဆောင်လို့ထားပါတယ်။