ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူ တဦး ဖြစ်သူ မက် တော်မီနေးက လာမယ့် နွေဈေးကွက် အတွင်းမှာ နယူးကာဆယ်ဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဆော်ဒီတော်ဝင်မိသားစုရဲ့ ကျောထောက်နောက်ခံပေးမှုကို ရထားတဲ့ နယူးကာဆယ်က သူတို့ရဲ့ ကွင်းလယ်ပိုင်း အတွက် အားဖြည့်မှု တရပ် အဖြစ် တော်မီနေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး နယူးကာဆယ်ရဲ့ တာဝန်ရှိသူတွေက တော်မီနေးကို ခေါ်ယူနိုင်ဖို့ လှုပ်ရှားမှုတွေ ပြုလုပ်နေတာ ကြာပါပြီ။

Photo Credit: Team Talk

အသက် ၂၆နှစ် အရွယ် စကော့တလန် လက်ရွေးစင် ကွင်းလယ်လူ တော်မီနေးက မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တဦး ဖြစ်ပြီး သူက လုပ်အားနှုန်း ကောင်းမွန်သလို ကြံ့ခိုင်မှုနဲ့ အရပ်အမောင်းကလည်း ထိပ်တန်းအဆင့်မှာ ရှိပါတယ်။

ဒါကြောင့်ပဲ နယူးကာဆယ်နည်းပြ အက်ဒီဟောင်းက တော်မီနေးကို ခေါ်ယူကာ ဂျိုအယ်လင်တန် ၊ ဂွီမာရေးစ်တို့နဲ့ တွဲဖက်ပေးဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး နယူးကာဆယ်ရဲ့ တာဝန်ရှိသူတွေက အက်ဒီဟောင်းရဲ့ တောင်းဆိုမှုအတိုင်း တော်မီနေးကို ခေါ်ယူနိုင်ဖို့ ဆက်တိုက် လှုပ်ရှားနေပါတယ်။

Photo Credit: Team Talk

တဖက်မှာလည်း တော်မီနေးက မန်ချက်စတာ ယူနိုက်တက်မှာ ဆက်ကစားရင် ပုံမှန် ပွဲထွက်ခွင့် ရဖို့ မသေချာတော့တာကြောင့် သူ့ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေတဲ့ နယူးကာဆယ်ဆီ ပြောင်းရွှေ့ချင်နေပြီး တော်မီနေးရဲ့ အေးဂျင့်တွေက နယူးကာဆယ်ရဲ့ တာဝန်ရှိသူတွေနဲ့ အစည်းအဝေး တချို့တောင် ပြုလုပ်ခဲ့ပါသေးတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ The Athletic သတင်းဌာနရဲ့ ဖော်ပြချက်အရ နယူးကာဆယ်က တော်မီနေးကို ယခု ဆောင်းဈေးကွက် အတွင်းမှာပဲ ခေါ်ယူချင်နေပေမယ့် မန်ချက်စတာ ယူနိုက်တက်က တော်မီနေးကို ဆောင်းဈေးကွက် အတွင်း လက်လွှတ်ဖို့ စိတ်ကူးမရှိတာကြောင့် လာမယ့် နွေဈေးကွက်မှသာ တော်မီနေးကို ခေါ်ယူနိုင်ဖွယ် ရှိနေပြီး တော်မီနေးရဲ့ အေးဂျင့်တွေက နယူးကာဆယ်နဲ့ အပြောင်းအရွှေ့ အတွက် စတင် ဆွေးနွေးနေသလို တော်မီနေးကလည်း နယူးကာဆယ်ဆီ ပြောင်းရွှေ့ဖို့ လမ်းဖွင့်ပေးထားကြောင်း သိရပါတယ်။