ဗြိတိန်ရဲ့ အထင်ကရ သတင်းမီဒီယာတစ်ခုဖြစ်တဲ့ The Athletic ရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြသောမတ်စ်တူဟယ်လ်အနေနဲ့ ဘောလုံးနယ်ပယ်ထဲကနေ အချိန်တစ်ခုကြာ ပျောက်ကွယ်သွားဖို့ ဆန္ဒမရှိပဲ နည်းပြအလုပ်ကို ဆက်လက် လုပ်ဆောင်ဖို့ကို စိတ်အားထက်သန်နေတယ်လို့ သိရှိရပါတယ်။

RESMI: Chelsea Pecat Thomas Tuchel | Goal.com Indonesia

Photo Credit : Goal

ချယ်လ်ဆီးအသင်းကို နှစ်နှစ်တာကာလအတွင်း ပွဲပေါင်း(၁၀၀)ထိ ကိုင်တွယ်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ရယူပေးနိုင်ခဲ့တဲ့ နည်းပြတူဟယ်လ်ဟာ ဒီရာသီမှာတော့ အသင်းကို ပြိုင်ပွဲစုံ (၇)ပွဲ ကိုင်တွယ်ပြီးနောက် နိုင်ပွဲ(၃)ပွဲသာ ယူဆောင်ထားပြီး ရှုံးပွဲလည်း (၃)ပွဲထိ ရှိခဲ့သလို ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာလည်း ဒိုင်နမိုဇာဂရက်ကို ရှုံးခဲ့ရချိန်မှာပဲ ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ တကယ်ဆိုရင် နည်းပြရာထူးကနေ ထုတ်ပယ်ခံရနိုင်တဲ့ နည်းပြတွေထက် တူဟယ်လ်က ရုတ်တရက် လျင်လျင်မြန်မြန် ထုတ်ပယ်ခံလိုက်ရခြင်းဟာ ချယ်လ်ဆီးပရိသတ်တွေသာမက ဘောလုံးနယ်ပယ်တစ်ခုလုံး အံ့အားမှင်သက်သွားခဲ့ရပါတယ်။

Breaking News: Chelsea Resmi Pecat Thomas Tuchel : Okezone Bola

Photo Credit : Bola

ဒေါ့မွန် ပီအက်စ်ဂျီနဲ့ ချယ်လ်ဆီးအသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဂျာမနီနည်းပြ တူဟယ်လ်ဟာ ချယ်လ်ဆီးကိုတော့ ဖရန့်လမ်းပတ်အစား ဝင်ရောက် ကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းကို ရာသီဝက်ခန့်သာ ကိုင်တွယ်ခဲ့ရပေမယ့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ တူဟယ်လ်က သူရဲ့ ချယ်လ်ဆီးနည်းပြဘဝ full season မှာလည်း အသင်းကို ဥရောပစူပါဖလားနဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ ထပ်မံ ယူဆောင်နိုင်ခဲ့သလို ပြည်တွင်း ရှုံးထွက်ဖလားတွေဖြစ်တဲ့ အက်အေဖလားနဲ့ လိဂ်ဖလားတို့မှာလည်း ဗိုလ်လုပွဲအဆင့်ထိ ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် တူဟယ်လ်က ချယ်လ်ဆီးကို ဖလားပြိုင်ပွဲတွေ အားလုံးရဲ့ ဗိုလ်လုပွဲအဆင့်တွေထိ ပို့ဆောင်နိုင်ခဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ နည်းပြတစ်ဦး ဖြစ်ခဲ့ရပါတယ်။ နည်းပြဘဝအတွင်း နိုင်ပွဲရာခိုင်နှုန်း ကောင်းမွန်လာသူဖြစ်တဲ့ တူဟယ်လ်က လက်ရှိမှာ အသင်းလက်မဲ့ နည်းပြတစ်ဦး ဖြစ်နေခဲ့ရပေမယ့် ဘောလုံးလောကနဲ့ အဆက်ပြတ်သွားဖို့ ဆန္ဒမရှိပဲ သူ့က်ို နည်းပြသစ်အဖြစ် ကမ်းလှမ်းဖို့ လာရောက် ကမ်းလှမ်းလာမှုတွေကိုလည်း စဉ်းစားသွားပြီး နည်းပြအလုပ်ကို ဆက်လက် လုပ်ကိုင်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ စပိန်လာလီဂါကလပ် င်္ဆီဗီလာအသင်းက နည်းပြအပြောင်းအလဲ လုပ်ဆောင်ဖို့ ဆန္ဒရှိနေပေမယ့် တူဟယ်လ်က စီမံကိန်းကောင်းကောင်းနဲ့ ထိပ်တန်း ကလပ်အသင်းကြီး တစ်သင်းကိုသာ ရွေးချယ် ကိုင်တွယ်ဖွယ် ရှိန်ိုင်ပါတယ်။