ရက်ဘူးဆာလ်ဇ်ဘာ့ဂ်အသင်းရဲ့ နည်းပြဖြစ်သူ မာသီးယပ်စ်ယိုက်စလာက သူရဲ့မိတ်ဆွေလည်းဖြစ် တစ်နိုင်ငံတည်းသားလည်းဖြစ်တဲ့ ချယ်လ်ဆီးနည်းပြဟောင်း သောမတ်စ်တူဟယ်လ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ထိပ်တိုက် တွေ့ဆုံဖို့ ရှိနေရာကနေ မတွေ့ဆုံရခင် အချိန်လေးမှာပဲ တူဟယ်လ် အသင်းက ထုတ်ပယ်ခံလိုက်ရတဲ့အတွက် စိတ်မကောင်းဖြစ်မိရတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

Of course, it's our responsibility what happened” – Chelsea star makes  honest admission about Thomas Tuchel sacking

Photo Credit : Sportskeeda

ဂျာမန်လူမျိုးနည်းပြ တူဟယ်လ်ဟာ ဒီရာသီရဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲမှာ ဒိုင်နမ်ိုဇာဂရက်အသင်းကို အရေးနိမ့်ခဲ့ပြီးနောက် နာရီအနည်းငယ် အကြာမှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး သူ့နေရာမှာလည်း ဘရ်ိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာနဲ့ပါ အစားထိုးသွားခဲ့ပါတယ်။ အခုလို တူဟယ်လ်နဲ့ ထိပ်တိုက် မဆုံတွေ့ရခင် တူဟယ်လ် အထုတ်ပယ်ခံလိုက်ရတဲ့အပေါ် ဆာလ်ဇ်ဘာ့ဂ်နည်းပြ ယိုက်စလာက “ချန်ပီယံလိဂ် အုပ်စုအဆင့်အတွက် မဲခွဲပြီးတဲ့နောက် သောမတ်စ်တူဟယ်လ်နဲ့ တွေ့ရတော့မယ်ဆိုပြီး ကျွန်တော် တွေးနေခဲ့တယ်။ နောက်ပြီး ဗုဒ္ဓဟူးနေ့ကျွန်တော်တို့ ယှဉ်ပြိုင်ရတော့မယ်ပေါ့။ ဒီလို ဖြစ်သွားတာက စိတ်မကောင်းစရာပါ။ ကျွန်တော်တို့က လူချင်းလည်း သိပါတယ်”

Red Bull Salzburg boss Matthias Jaissle has declared he wanted Thomas Tuchel to be in the opposing dugout

Photo Credit : The Sun

“ဒါပေမယ့် ကျွန်တော်တို့ ပရော်ဖက်ရှင်နယ် ပီသရပါမယ်။ ချယ်လ်ဆီးအသင်းနဲ့ နည်းပြသစ်ရဲ့ ပွဲတွေကို ကျွန်တော်တို့ မတွေ့ထားရသေးပေမယ့် သူတို့ရဲ့ တစ်ဦးချင်း အရည်အသွေးကိုတော့ သိနေပါတယ်။ သူတို့တွေရဲ့ စရိုက်လက္ခဏနဲ့ နည်းပြသစ်သူရဲ့အသင်းဟောင်းမှာ သူ ဘယ်လို ကိုင်တွယ်ခဲ့သလဲဆိုတာတွေကို အသေးစိတ် လေ့လာထားပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး ပြင်ဆင်ထားပါတယ်” လို့ ရှင်းလင်း ပြောဆိုထားခဲ့ပါတယ်။ ယိုက်စလာက သူရဲ့မိတ်ဆွေ တူဟယ်လ်နဲ့ ထိပ်တိုက် မဆုံရတော့ပေမယ့်လည်း ချယ်လ်ဆီးရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းမှာ လာရောက် ယှဉ်ပြိုင်ရမယ့်အပေါ် စိတ်လှုပ်ရှားမိကြောင်းကို “ဒါဟာ မယုံနိုင်စရာပါပဲ။ လန်ဒန်မြို့ကို ဖြတ်ပြီး ဒီနေရာဆီကို ကားမောင်းလာရင်း ဘောလုံးကွင်းဆီ ရောက်လာဖို့က ကျွန်တော့်အတွက် အိမ်မက်တစ်ခု ဖြစ်လာခဲ့သလိုပါပဲ” လို့ ပြောကြားလိုက်ပါတယ်။ ဟော်ဖန်ဟင်မ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ အသက်(၃၄)နစ်အရွယ် ယိုက်စလာဟာ ၂၀၂၁ခုနှစ် ဇူလိုင်လကနေ ဆာလ်ဇ်ဘာ့ဂ်အသင်းကို စတင် ကိုင်တွယ်ခဲ့တာဖြစ်ပြီး ကိုင်တွယ်ထားတဲ့ (၅၉)ပွဲမှာ ရှုံးပွဲ(၆)ပွဲသာ ရှိထားအောင် စွမ်းဆောင်ထားနိုင်ခဲ့သလို ဒီရာသီ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲမှာလည်း စီးရီးအေချန်ပီယံ အေစီမီလန်ကို ဆန်စီရိုကွင်းမှာ သရေကျအောင် ကစားထားနိုင်ခဲ့ပါတယ်။