အဲဗာတန်အသင်းရဲ့ အသင်းခေါင်းဆောင် နောက်ခံကစားသမား ဂျိမ်းစ် တာကောစကီးက သူတို့အသင်း လက်ရှိ ကြုံတွေ့ထားရတဲ့ (၁၀)မှတ်လျှော့ ပြစ်ဒဏ်ကနေ အကောင်းဆုံး ပြန်လာနိုင်ဖိုု့အတွက် အဆင်သင့် ဖြစ်နေကြောင်းနဲ့ အဲ့ဒီ (၁၀)မှတ်ကိုလည်း အမြန်ဆုံး ပြန်ရှာနိုင်ကြောင်း ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

အဲဗာတန်အသင်းဟာ ငွေကြေး အမြတ်အစွန်းတွေနဲ့ ပရီးမီးယားလိဂ်ကနေ ချမှတ်ထားတဲ့ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်မိခဲ့ခြင်းကြောင့် (၁၀)မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ထားခံခဲ့ရပြီး အခုဆိုရင်လည်း အသင်းက တန်းဆင်းဇုန်ထဲထိပါ ရောက်ရှိသွားခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒါပေမယ့်လည်း အဲဗာတန်အသင်းက ရလဒ်တွေ ကောင်းမွန်လျက် ရှိနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ (၅)ပွဲမှာလည်း လီဗာပူးလ် တစ်သင်းတည်းကိုသာ အရေးနိမ့်ထားခဲ့ပြီး (၃)ပွဲအထိ အနိုင်ရထားခဲ့ပါတယ်။ ဒါကြောင့် တာကောစကီးက “ဒီတစ်ပတ်မှာ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ ခံစားချက်တွေ ရှိနေပါတယ်။”

“ကြမာဆိုးတွေ ဝမ်းနည်းစရာကောင်းတာတွေနဲ့ ကြုံနေရလို့ စိတ်ဓါတ်ကျနေရမယ့် အခြေအနေမျိုးလည်း ဖြစ်မနေပါဘူး။ ကျွန်တော် ဒီကို ရောက်ခါစကဆိုရင် အသင်းသားတွေ ပရိသတ်တွေနဲ့ အသင်းတာဝန်ရှိသူတွေရဲ့ ကြားမှာ သိပ်အစည်းမကပ်သလို ဖြစ်နေတာမျိုး ခံစားမိရတယ်။”

Photo Credit : Daily Mail

“အခုတော့ ကျွန်တော်တို့အားလုံး ပိုပြီး စည်းစည်းလုံးလုံး ရှိစေဖို့ အကြောင်းဖန်လာခဲ့ပါပြီ။ ဒါက အဆိုးထဲက အကောင်းလို့လည်း ဆိုနိုင်ပါတယ်။ ကွင်းပြင်ပ အကြောင်းအရာတွေက ဖြစ်ပြီးခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော်တို့က ရလဒ်ကောင်းတွေ ဆက်တိုက် ရယူထားနိုင်တဲ့ အသင်းတစ်သင်းပါ။ ပုံစံကောင်းမှာလည်း ရှိနေပါတယ်။”

“ကျွန်တော်တို့ ချက်ချင်းဆိုသလို တိုးတက်လာနိုင်ပါတယ်။ အခုက အသင်းအတွက် အကောင်းဆုံး အခြေအနေမှာ ရှိမနေဘူး ဆိုပေမယ့်လည်း ကျွန်တော်တို့အသင်း အလျှော့ခံထားရတဲ့ ရမှတ်တွေကို ပြန်လည် ရယူနိုင်ပါတယ်။” လို့ ကြွေးကြော် ပြောဆိုလိုက်ပါတယ်။