မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားသွားခဲ့တဲ့ ချယ်လ်ဆီးနဲ့ ပွဲစဉ်အတွင်း မန်ယူနိုက်တက်အသင်းရဲ့ တောင်ပံ ကစားသမား အန်တိုနီ ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့ပြီး ကွင်းအတွင်းကနေပါ ထမ်းစင်နဲ့ ခေါ်ဆောင်သွားရတဲ့အပေါ် စိုးရိမ်မိကြောင်းနဲ့ အန်တိုနီရဲ့ ဒဏ်ရာ အခြေအနေဟာလည်း ပြင်းထန်နိုင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Twitter

အန်တိုနီက ချယ်လ်ဆီးနဲ့ပွဲမှာ ခြေချင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့တာဖြစ်ပြီး ခြေထောက်နှစ်ဖက်လုံး ထောက်ရပ်လို့ မရနိုင်တဲ့အထိ အခြေအနေ ဆိုးရွှားခဲ့လို့ ကွင်းထဲကနေ ထမ်းစင်နဲ့ပါ ခေါ်ဆောင်သွားခဲ့ရပါတယ်။ ဒီအခြေအနေကြောင့် အန်တိုနီဟာ ဖူလ်ဟမ်နဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ် နဲ့ မန်စီးတီးနဲ့ ရင်ဆိုင်ရမယ့် အက်ဖ်အေဖလား ဖိုင်နယ်ပွဲစဉ်တို့ကို သေချာပေါက် လွဲချော်ရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Twitter

ဒီ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်ပြီး တန်ဟက်ဂ်က “ဒါက ပြင်းထန်တယ်လို့ ပြောလို့ရနိုင်ပေမယ့် အနည်းဆုံး (၂၄)နာရီလောက် စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အဲ့ဒါမှပဲ သူရဲ့ ဒဏ်ရာ အခြေအနေ အတိမ်အနက်ကို သေချာ ပိုသိရပါလိမ့်မယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ သတင်းမီဒီယာတချို့မှာတော့ အန်တိုနီအနေနဲ့ သူရဲ့ ခြေချင်းဝတ်ဒဏ်ရာကြောင့် အနည်းဆုံး (၂)လနီးပါးခန့်လောက် အနားယူရနိုင်တယ်လို့ ဖော်ပြလျက် ရှိနေပါတယ်။

တစ်လက်စတည်းမှာပဲ အန်တိုနီရဲ့ အသင်းဖော် လုခ်ရှောပါ ဒဏ်ရာရသွားခဲ့လို့ ဒုတိယပိုင်းအစမှာပဲ မာလာစီယာနဲ့ လူစားလဲခဲ့ရပြီး လုခ်ရှောရဲ့ ဒဏ်ရာ အခြေအနေဟာလည်း စောင့်ကြည့်ရဦးမယ့် အနေအထားမှာ ရှိနေနိုင်ပေမယ့် အက်ဖ်အေဖလား ဖိုင်နယ်ပွဲကိုတော့ ပါဝင် ကစားနိုင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့် အန်တိုနီကတော့ အေဂျက်စ်မှာ ကစားခဲ့စဉ်ကတည်းက အခုလို ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ဖူးတာမို့ အလားတူ ဒဏ်ရာမျိုး ပြန်ခံစားရနိုင်တာဖြစ်လို့ ရက်သတ္တပတ် အနည်းငယ်လောက် နားရနိုင်ဖွယ် ရှိနေပါတယ်။