ရီးယဲလ် ဆိုစီဒက်အသင်းရဲ့ ဂျပန် ကြယ်ပွင့်ကစားသမားလေး တာကီဖူဆာ ကူဘိုကို ဆော်ဒီပရိုလိဂ် ထိပ်သီးကလပ် အယ်လ်နာဆာအသင်းက မြောက်များစွာတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ကူဘိုဘက်ကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချသွားခဲ့ပါတယ်။

အယ်လ်နာဆာအသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ခေါ်ယူပြီးနောက်ပိုင်း ဆော်ဒီလိဂ်မှာ အလွန်ကို လူစိတ်ဝင်စားမှု ရရှိလာခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာပဲ မာနေး ဘရိုဇိုဗစ် လာပေါ့တ် အော်တာဗီယို တဲလက်စ် ဖိုဖာနာတို့လို ထိပ်သီး ကစားသမားတွေကို ဆက်တိုက် ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit : Reuters

လက်ရှိမှာလည်း အယ်လ်နာဆာအသင်းဟာ ဆော်ဒီပရိုလိဂ် အမှတ်ပေးဇယားမှာ အဆင့် (၂)နေရာတွင် ရပ်တည်လျက် ရှိနေပြီး ရှုံးထွက်ဖလားပြိုင်ပွဲတွေဖြစ်တဲ့ King Cup မှာ ဆီမီးဖိုင်နယ် နဲ့ AFC ချန်ပီယံလိဂ်မှာ (၁၆)သင်းအဆင့် ရှုံးထွက်အဆင့်တွေဆီ တက်လှမ်းထားနိုင်ခဲ့ပါတယ်။

ဒီလို အခြေအနေကြောင့်လည်း အယ်လ်နာဆာက အခု ဆောင်းဈေးကွက်အတွင်း ကစားသမားသစ်တွေ ထပ်မံ ဖြည့်တင်းသွားဖို့ ပြင်ဆင်လာခဲ့ပြီး သူတို့ ပစ်မှတ်တွေအတွက်လည်း ကမ်းလှမ်းမှုတွေပါ လုပ်ဆောင်ထားခဲ့ပါသေးတယ်။

Photo Credit : The Japan Times

အယ်လ်နာဆာအသင်း ကမ်းလှမ်းခဲ့တဲ့ ကစားသမားတွေထဲမှာ ဆိုစီဒက်အသင်းရဲ့ ဂျပန် တောင်ပံကစားသမားလေး ကူဘိုလည်း ပါဝင်လို့နေပြီး အယ်လ်နာဆာက ကူဘိုအတွက် ယူရို သန်း(၄၀)နဲ့ ကမ်းလှမ်းခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကမ်းလှမ်းချက်ကို ဆိုစီဒက်ဘက်ကရော ကူဘိုဘက်ကပါ အသီးသီး ပယ်ချသွားခဲ့ပြီး အယ်လ်နာဆာအနေနဲ့ ကူဘိုအတွက် နောက်ထပ် ပြောင်းရွှေ့ကြေး ထပ်တိုးကာ ကမ်းလှမ်းဖို့ ရှိနေတဲ့အပြင် မန်ယူနိုက်တက် ကစားသမားတွေဖြစ်တဲ့ ကက်စီမဲရိုး နဲ့ ဝမ်ဘစ်ဆာခါတို့ကိုလည်း ခေါ်ယူသွားနိုင်ဖို့ ကြိုးပမ်းဖွယ် ရှိနေပါတယ်။