ချယ်လ်ဆီးအသင်းကတော့ တော့တင်ဟမ် ဟော့စပါးအသင်း အလိုရှိနေတဲ့ ကွင်းလယ်ကစားသမား ကော်နာ ဂယ်လက်ဂါအတွက် တန်ကြေး ပေါင် သန်း(၅၀)အထိ ဈေးသတ်မှတ်ထားလိုက်တယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

စပါးအသင်းဟာ ဒီနွေမှာ ကစားသမားသစ် ခေါ်ယူမှု များစွာကို လုပ်ဆောင်ထားပြီး အသင်းအတွက် နေရာအစုံ ဖြည့်တင်းမှုတွေကို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းက လက်ရှိမှာ လိုအပ်ချက်တွေ ရှိနေသေးပြီး ကွင်းလယ်နေရာအတွက်ကိုလည်း ဆောင်းဈေးကွက်မှာ ထပ်မံ ဖြည့်တင်းဖို့ စီစဉ်လာခဲ့ပါတယ်။

Photo Credit : The Independent

လက်ရှိမှာတော့ စပါးအသင်းက သူတို့ရဲ့ လန်ဒန်မြို့ခံကလပ် ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန် ကွင်းလယ်လူ ဂယ်လက်ဂါကို စိတ်ဝင်စားလျက် ရှိနေပါတယ်။ အသက် (၂၃)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဂယ်လက်ဂါက ချယ်လ်ဆီး အကယ်ဒမီထွက် ကစားသမားတစ်ဦးဖြစ်ပြီး ချာတန် ဆွမ်ဆီး ဝက်ဘရွန်း နဲ့ ပဲလေ့စ်တို့မှာ အငှားနဲ့ ကျင်လည်ခဲ့ပါသေးတယ်။

မနှစ်က ဘောလုံးရာသီမှ ချယ်လ်ဆီးအတွက် စတင် ကစားပေးခွင့် ရရှိခဲ့သူ ဂယ်လက်ဂါဟာ အန်ဇိုဖာနန်ဒက်ဇ် ကိုင်စီဒို လာဗီလာတို့ ရှိနေတဲ့ ချယ်လ်ဆီး ကွင်းလယ်မှာ လာဗီယာ ဒဏ်ရာ မသက်သာသေးလို့ ပွဲကစားခွင့်တွေ တောက်လျှောက် ရရှိထားပေမယ့် ဂက်လက်ဂါရဲ့ အနာဂတ်ကတော့ မရေမရာ ဖြစ်နေပါသေးတယ်။

Photo Credit : We Ain’t Got No History

ချယ်လ်ဆီအသင်းဟာ လာမယ့် ဆောင်းဈေးကွက်ထဲမှာ ကစားသမားသစ်တွေ ထပ်မံ ဖြည့်တင်းသွားဖို့ လိုအပ်နေပြီး ဒီလို ဖြည့်တင်းဖို့ဆိုရင် အသင်းက ကစားသမားတချို့ကိုပါ ရောင်းထုတ်ရမှာဖြစ်လို့ ဂယ်လက်ဂါလည်း အရောင်းစာရင်းထဲမှာ ပါဝင်လာနိုင်တာ ဖြစ်ပါတယ်။

ဒါပေမယ့် ချယ်လ်ဆီးကတော့ သူတို့အသင်းရဲ့ ကစားသမားဖြစ်သူအတွက် လက်ရှိတန်ကြေးအတိုင်း အလိုရှိနေပြီး စပါးအနေနဲ့ကလည်း ဂယ်လက်ဂါကို ခေါ်ယူမယ်ဆိုရင် သူရဲ့တန်ကြေး ပေါင် သန်း(၅၀)နဲ့ ကမ်းလှမ်းရဖို့ ရှိနိုင်တဲ့အတွက် ဟွိုင်ဘယက်ကို ရောင်းထုတ်သွားရနိုင်ပါတယ်။