လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ကက်စီမဲရိုးက ပွဲပယ်ပြစ်ဒဏ်ကြောင့် နယူးကာဆယ် ဘရန့်ဖို့ဒ် အဲဗာတန်နဲ့ ပွဲစဉ်တွေကို လွဲချော်ရမှာဖြစ်ပြီး ဆာဘစ်ဇာကလည်း နိုင်ငံပွဲတွေအတွင်းမှာ ဒဏ်ရာရသွားခဲ့သလို ဒဏ်ရာကြောင့် အနားယူနေရတဲ့ အဲရစ်ဆင်ကလည်း ပြန်လည် သက်သာခါစသာ ရှိနေသးတာမို့ မက်-ဖရက်ဒ် အတွဲကို မဖြစ်မနေ ပြန်သုံးရဖို့ အကြောင်းဖန်လာရပါတော့မယ်။

Photo Credit : Twitter

မက်-ဖရက်ဒ် အတွဲအဖက်ထဲမှာ မက်တွမ်မီနေး တစ်ဦးတည်းသာ လက်ရွေးစင်အသင်းအတွက် ရွေးချယ်ထားခံခဲ့ရပေမယ့် သူက ယူနိုက်တက်မှာ ပုံမှန် ပွဲကစားခွင့် သိပ်မရသူဖြစ်လို့ စကော့တလန်အသင်းက ကနဦး ခြေစစ်ပွဲဖြစ်တဲ့ ဆိုက်ပရပ်စ်နဲ့ပွဲမှာ ဒုတိယပိုင်း (၆၇)မိနစ်မှသာ ပါဝင်ကစားစေပါတယ်။ ဒါပေမယ့် တွမ်မီနေးဟာ သူ ကစားခွင့်ရခဲ့တဲ့ (၂၄)မိနစ်တာ အချိန်လေးအတွင်းမှာပဲ စကော့လန်အသင်းအတွက် သွင်းဂိုး(၂)ဂိုးကို သွင်းယူခဲ့ပြီး သူ့အသင်းကို (3-0)နဲ့ ဂိုးပြတ် အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

Photo Credit : Twitter

မနေ့ညက အုပ်စုတွင်း အင်အားအကြီးမားဆုံး ပြိုင်ဘက် စပိန်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာတော့ တွမ်မီနေးဟာ အသင်းရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့် ရရှိလာခဲ့ရပြီး သူ့ကို အခုလို 1st line-up မှာ ကစားခွင့်ပေးခဲ့တာ ထိုက်တန်မှု ရှိကြောင်းကို သွင်းဂိုးတွေနဲ့ ထပ်မံ သက်သေပြသွားခဲ့ပါတယ်။ တွမ်မီနေးဟာ ပထမပိုင်း ပွဲအစပိုင်းနဲ့ ဒုတိယပိုင်း ပွဲအစပိုင်းတွေမှာ စပိန်ဘက်ကို သွင်းဂိုး(၂)ဂိုး သွင်းယူပြီး ဂလက်စကိုမြို့မှာ ၁၉၈၄ခုနှစ်နောက်ပိုင်း စကော့သားတွေ စပိန်တွေကို ပထမဆုံးအကြိမ်အဖြစ် နိုင်ပွဲ ရယူနိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

Image

Photo Credit : Twitter

ဒီလို စွမ်းဆောင်ရည်တွေ ပြသထားနိုင်ခဲ့တဲ့ တွမ်မီနေးက မန်ယူနိုက်တက် ကွင်းလယ်မှာ ကက်စီမဲရိုး ဆာဘစ်ဇာ အဲရစ်ဆင်နဲ့ ဗန်ဒယ်ဘိခ်တို့ မကစားနိုင်ချိန် အသင်းကွင်းလယ်အတွက် သူ အဆင့်သင့် ရှိနေကြောင်း သက်သေပြထားခဲ့တာကြောင့် ဒီကစားသမားတွေ မပါဝင်နိုင်ချိန် မက်-ဖရက်ဒ်အတွဲက ယူနိုက်တက်အတွက် ဘယ်လောက် အကျိုးပြုနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။