ဝက်စ်ဟမ်းယူနိုက်တက်အသင်းဟာ ဆာဆူအိုလိုအသင်းရဲ့ အီတလီ တိုက်စစ်ကစားသမား ဆကာမာကာကို ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေးကို ပီအက်စ်ဂျီအသင်းထက် ဈေးမြှင့်ကမ်းလှမ်းခဲ့ပေမယ့်လည်း ဆာဆူအိုလိုဘက်က ဆကာမာကာကို ရောင်းချဖို့ ဆန္ဒမရှိသေးတဲ့အတွက် ဝက်စ်ဟမ်းအနေနဲ့ ခေါ်ယူနိုင်ဖို့က ခက်ခဲနေရပါတယ်။

GdS: Milan willing to explore potential Scamacca deal - a strategy emerges

Photo Credit : Semperinter

အသက်(၂၃)နှစ်အရွှယ်သာ ရှိနေသေးတဲ့ အီတလီလက်ရွေးစင် တိုက်စစ်ကစားသမား ဆကာမာကာဟာ လာဇီယို ရိုးမားတို့လို ရောမအသင်းနှစ်သင်းရဲ့ လူငယ်အကယ်ဒမီတွေမှာ ဘောလုံးပညာကို သင်ကြားခဲ့သလို အဲ့ဒီကမှ နယ်သာလန်ကလပ် PSV အသင်းရဲ့ လူငယ်အကယ်ဒမီကို ထပ်မံရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၇ခုနှစ်မှာ ဆာဆူအိုလိုအသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဆကာမာကာဟာ ဆာဆူအိုလိုမှာ (၃)ပွဲသာ ပါဝင်ခဲ့ရပြီးနောက် အသင်း(၄)သင်းဆီကို အငှားကစားသမားအဖြစ် သွားရောက်ကစားခဲ့ရပြီး မနှစ်က ဘောလုံးရာသီမှသာ ဆာဆူအိုလိုအတွက် တစ်ရာသီလုံး ပါဝင်ခွင့်ရခဲ့ကာ စီးရီးအေသွင်းဂိုး (၁၆)ဂိုးထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။

Arsenal transfer news: Edu told how he can seal Gianluca Scamacca deal with  bid just £8.2m short

Photo Credit : TEAMtalk

ဆာဆူအိုလိုရဲ့ ဂိုးသွင်းစက် ဖြစ်လာခဲ့သူ ဆကာမာကာကို နည်းပြကြီးမန်ချီနီက အီတလီလက်ရွေးစင်အသင်းမှာ ရွေးချယ်လာခဲ့ပြီး အခုဆိုရင် ဆကန်မာကာဟာ အီတလီအသင်းအတွက် (၇)ပွဲထိပင် ပါဝင်ကစားထားရပြီ ဖြစ်ပါတယ်။ ဒီလို အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ဆကာမာကာကို စီးရီးအေကလပ်အသင်းတွေအပြင် ပီအက်စ်ဂျီအသင်းကပါ စိတ်ဝင်စားလာခဲ့ပြီး ဒီနောက်ပိုင်းမှာလည်း ဝက်စ်ဟမ်းအသင်းကပါ ထပ်တိုး စိတ်ဝင်စားလာခဲ့ပါတယ်။ လီဂူးချန်ပီယံ ပီအက်စ်ဂျီဘက်က ဆကာမာကာကို ပြောင်းရွှေ့ကြေး ယူရို(၃၅)သန်းနဲ့ ကမ်းလှမ်းထားပြီး ဝက်စ်ဟမ်းဘက်ကတော့ ယူရိုသန်း(၄၀)နဲ့ ကမ်းလှမ်းထားခဲ့ပေမယ့်လည်း ဘယ်အသင်းကမှ သဘောတူညီမှု မရရှိထားသေးဘူးလို့ ဆာဆူအိုလိုအသင်း အမှုဆောင်ချုပ်က ပြောဆိုထားခဲ့ပါတယ်။ ဆာဆူအိုလိုအသင်းရဲ့ စီးအီအို ကာနီဗာလီက သူတို့အနေနဲ့ အသင်းရဲ့ အဓိက ကစားသမား ဆကာမာကာကို မဖြစ်မနေ ရောင်းထုတ်စရာ မလိုအပ်တဲ့အတွက် အခုကမ်းလှမ်းမှုတွေကို ဆက်လက် စောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ ပြောဆိုထားခဲ့ပြီး ဆာဆူအိုလိုအသင်းဘက်က ဆကာမာကာအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၅၀)လောက်အထိကို အလိုရှိနေပါတယ်။