မကြာသေးခင်ကမှ ဝုလ်ဗ်အသင်းကနေ ဆော်ဒီကလပ် အယ်လ်ဟီလယ်အသင်းဆီကို ယူရို (၅၅)သန်းနဲ့ ပြောင်းရွှေ့ထားခဲ့တဲ့ ပေါ်တူဂီ ကွင်းလယ် ကစားသမား ရူဘင်နေးဗက်စ်ဟာ နယူးကာဆယ်အသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာဖွယ် ရှိနေပြီး ပရီးမီးယားလိဂ်မှာ ထပ်မံ ကျင်လည်ရဖွယ် ရှိနေပါတယ်။

Wolverhampton star Ruben Neves set to join Al-Hilal and snub Barcelona  transfer

Photo Credit : Clutch Points

အသက် (၂၆)နှစ်အရွယ် ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ နေးဗက်စ်ဟာ ဝုလ်ဗ်ကနေ ဆော်ဒီလိဂ်ဆီကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဆော်ဒီလိဂ်ပြိုင်ပွဲ ပြောင်းရွှေ့ကြေး အမြင့်ဆုံး ကစားသမား ဖြစ်လာခဲ့ပြီး ဝုလ်ဗ်မှာ တစ်ပတ် ရရှိနေတဲ့ ပေါင် (၅)သောင်းထက်လည်း ဆယ်ဆပါ တိုးမြှင့် ရရှိခဲ့ပါတယ်။ ဘာစီလိုနာ အပါအဝင် ဥရောပက ကလပ်အသင်းတွေရဲ့ ပစ်မှတ် ကစားသမားဖြစ်နေတဲ့ နေးဗက်စ်ကို အဲ့ဒီ အသင်းတွေနဲ့အပြိုင် အရ ခေါ်ယူနိုင်ခဲ့တဲ့ အယ်လ်ဟီလယ်ဟာ အခုတော့ နေးဗက်စ်ကို နယူးကာဆယ်အသင်းဆီ အငှားနဲ့ ပို့ဆောင်ဖို့ပါ စီစဉ်လာခဲ့ပါတယ်။

Photo Credit : Sky Sports

တကယ်တော့ အယ်လ်ဟီလယ်အသင်းကိုရော နယူးကာဆယ်အသင်းကိုပါ ဆော်ဒီ အိမ်ရှေ့မင်းသားရဲ့ ရင်းနှီးမြှပ်နျှံမှုအဖွဲ့ PIF က ပိုင်ဆိုင်ထားတာဖြစ်တာကြောင့် အခုလို နေးဗက်စ်ရဲ့ အပြောင်းအရွှေ့မှာပါ ပါဝင် ပတ်သက်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။ PIF အဖွဲ့အစည်းက နယူးကာဆယ်အသင်း အပါအဝင် ဆော်ဒီ ကလပ်အသင်း (၄)သင်းအထိ ပိုင်ဆိုင်ထားတာဖြစ်ပြီး အခုလည်း ပိုင်ဆိုင်ထားတဲ့ အသင်း(၂)သင်းမှာ ကစားသမား အပြောင်းအရွှေ့ လုပ်ဆောင်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

Photo Credit : DayFR Euro

လက်ရှိမှာတော့ အယ်လ်ဟီလယ်အသင်းက နောက်ထပ် ပရီးမီးယားလိဂ် ကစားသမားတစ်ဦးဖြစ်တဲ့ ချယ်လ်ဆီး နောက်ခံလူ ကာလီဒိုကူလီဘလီကို ခေါ်ယူသွားဖို့ ဆက်လက် ကြိုးပမ်းလျက် ရှိနေသလို နယူးကာဆယ်ကလည်း အေစီမီလန်အသင်းရဲ့ အီတလီ ကွင်းလယ်ကစားသမား ဆန်ဒရိုတိုနာလီကို ယူရို သန်း(၇၀)နဲ့ ကမ်းလှမ်းထားပြီး မကြာခင်မှာပဲ အပြောင်းအရွှေ့က အပြီးသတ်နိုင်ဖွယ် ရှိနေပါတယ်။