ဆော်ဒီအာရေဗျ ထိပ်သီးကလပ် အယ်လ်နာဆာအသင်းဆီကို ကမ္ဘာ့စံချိန်တင် လုပ်ခလစာနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကမ္ဘာ့ဘောလုံး စူပါစတား ကစားသမားကြီး ခရစ္စတီယာနိုရော်နယ်လ်ဒိုဟာ သူရဲ့အာရှမြေ ပွဲဦးထွက်မှာပဲ သူရဲ့မဟာပြိုင်ဘက် လီယွန်နယ်မက်ဆီနဲ့ ထိပ်တိုက် ရင်ဆိုင်သွားရဖွယ် ရှိနေတယ်လို့ သိရပါတယ်။

When will Cristiano Ronaldo play for Al Nassr? Projected debut date for CR7  in Saudi Arabia | Sporting News

Photo Credit : Sporting News

မကြာခင်မှာ အသက်(၃၈)နှစ်အရွယ်ကို ရောက်ရှိတော့မယ့် ပေါ်တူဂီ စူပါစတား ကစားသမားကြီး ရော်နယ်လ်ဒိုဟာ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီးနောက် ဒီဇင်ဘာလကုန်ပိုင်းမှာပဲ အယ်လ်နာဆာအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၅ခုနှစ်အထိ စာချုပ်ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ အယ်လ်နာဆာအသင်းအနေနဲ့ ရော်နယ်လ်ဒို ကစားသမားမျိုးကို အသင်းဆီ အရ ခေါ်ဆောင်နိုင်ခဲ့ပေမယ့် ရော်နယ်လ်ဒိုက ပြီးခဲ့တဲ့နှစ်အတွင်း အဲဗာတန် ပရိသတ်တစ်ဦးရဲ့ ဖုန်းကို ဖျက်ဆီးခဲ့တဲ့ အပြုအမှုကြောင့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကနေ (၂)ပွဲပယ် ပြစ်ဒဏ် ချမှတ်ထားခဲ့တဲ့အတွက် ရော်နယ်လ်ဒိုဟာ Al Taee နဲ့ ပွဲစဉ်ကို လွဲချော်ထားခဲ့ရပြီး Al-Shabab နဲ့ပွဲကိုပါ ထပ်မံ လွဲချော်ရဖွယ်လည်း ရှိနေပါတယ်။

EXPLAINED: How Cristiano Ronaldo and Lionel Messi can face each other on  January 19

Photo Credit : Times Now

ဒါပေမဲ့ လာမယ့် ဇန်နဝါရီ(၁၉)ရက်နေ့မှာ ကျင်းပသွားဖို့ ရှိနေတဲ့ ဆော်ဒီကလပ် အယ်လ်နာဆာနဲ့ အယ်ဟီလာအသင်းတို့က ကစားသမားတွေနဲ့ စုပေါင်းထားတဲ့ ညွှန်ပေါင်းအသင်းနဲ့ လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းတို့ ယှဉ်ပြိုင်သွားမဲ့ ခြေစမ်းပွဲစဉ်မှာ ရော်နယ်လ်ဒိုက ပွဲထွက်ကစားသွားဖွယ် ရှိနေရပါတယ်။ ဒီခြေစမ်းပွဲစဉ်ကို နဂိုကတည်းက စီစဉ်ထားခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီဘက်က လီယွန်နယ်မက်ဆီ အပါအဝင် ထိပ်တန်းကစားသမားတွေကိုပါ ခေါ်ဆောင်လာဖွယ်လည်း ရှိနေတာကြောင့် ဆော်ဒီမြေအတွင်း ရော်နယ်လ်ဒိုရဲ့ ပွဲဦးထွက်မှာပဲ ရော်နယ်လ်ဒို-မက်ဆီတို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ခံစားရဖွယ် ရှိလာနိုင်ပါတယ်။ ကစားသမားဘဝတစ်လျှောက်လုံး အပြိုင်အဆိုင် ဖြစ်ခဲ့ကြတဲ့ ရော်နယ်လ်ဒိုနဲ့မက်ဆီတို့နှစ်ဦးဟာ အယ်လ်ကလက်စီကိုဒါဘီ အပါအဝင် ပွဲပေါင်းများစွာ ထိပ်တိုက် ရင်ဆိုင်ခဲ့ရပြီး အခု ခြေစမ်းပွဲမှာလည်း သူတို့ရဲ့ ယှဉ်ပြိုင်ကစားကြပုံတွေကို အနည်းငယ်ခန့်လောက်တော့ မြင်တွေ့ရနိုင်ပါတယ်။ ရော်နယ်လ်ဒိုအနေနဲ့ အယ်လ်နာဆာအတွက် ပွဲဦးထွက်ကိုတော့ လာမယ့်(၂၃)ရက်နေ့ Al-Ettifaq အသင်းနဲ့ ရင်ဆိုင်ရမယ့် ဆော်ဒီလိဂ်ပွဲစဉ်မှသာ ပါဝင်သွားနိုင်ဖွယ် ရှိနေပါတယ်။