ဘောလုံးလောကရဲ့ GOAT ကြီးတစ်ပါးဖြစ်သူ ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ ဆော်ဒီမှာ ကျင်းပတော့မယ့် WWE နပန်း ဖျော်ဖြေရေးမှာ နပန်းလောကရဲ့ အထင်ကရ စူပါစတားကြီး ဂျွန်စီနာနဲ့အတူ ပါဝင်သွားဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

နိုင်ငံတကာမှာ အားပေးမှု တခဲနက် ရရှိနေတဲ့ နပန်း ဖျော်ဖြေရေးကြီး WWE ဟာ ယခင်ကတည်းက ကမ္ဘာကျော် အားကစားသမားတွေကို ဖိတ်ခေါ်တတ်ပြီး ဘောလုံးသမားတွေထဲမှာလည်း ဝိန်းရူနီပါ ပါဝင်ခဲ့ပါသေးတယ်။

Photo Credit : Twitter X

ကမ္ဘာကျော် သရုပ်ဆောင်တွေ အားကစားသမားတွေ နဲ့ အထင်ကရ လူပုဂ္ဂိုလ်တွေကို ဖိတ်ခေါ်တက်လေ့ရှိတဲ့ WWE က လက်ရှိ ဆော်ဒီ ဘောလုံးလောကမှာ ကျင်လည် ဖြတ်သန်းနေတဲ့ ရော်နယ်လ်ဒိုကိုပါ သူတို့ရဲ့ Show မှာ အထူး Guest တစ်ဦးအဖြစ် လာရောက် ပူးပေါင်းပေးဖို့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။

ထပ်ပြီး ထွက်ပေါ်နေတဲ့ သတင်းတွေထဲမှာ လာမယ့် နိုဝင်ဘာလဆန်းပိုင်း ဆော်ဒီမှာ ကျင်းပမယ့် WWE Crown Jewel ပြိုင်ပွဲကြီးမှာ ရော်နယ်လ်ဒိုက နပန်းနယ်ပယ်ရဲ့ စူပါစတားကြီး စီနာနဲ့ပါ တွဲဖက် ပါဝင်ဖို့ ရှိနိုင်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Photo Credit : Bleacher Report

လွန်ခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ ဆော်ဒီအခြေစိုက် GSA က WWE နဲ့ (၁၀)နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ဆော်ဒီမှာ WWE ရဲ့ Main Event ကြီး တစ်ပွဲကို ကျင်းပဖို့ စီစဉ်ခဲ့ပါတယ်။ အခု ၂၀၂၃ခုနှစ်ရဲ့ WWE Crown Jewel ကိုတော့ လာမယ့် နိုဝင်ဘာ (၄)ရက်နေ့တွင် ကျင်းပမှာဖြစ်ပြီး ဘောလုံးလောကရဲ့ GOAT ကြီး ရော်နယ်လ်ဒိုကိုပါ ပါဝင်စေနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ (၄)နှစ်အတွင်း ကျင်းပခဲ့တဲ့ WWE Crown Jewel ပွဲကြီးတွေမှာ ပရိသတ်အကြိုက် ပွဲကောင်းတွေချည်း ပါဝင်ခဲ့ပြီး ပရိသတ်ပေါင်းများစွာကလည်း လာရောက် အားပေး ကြည့်ရှခဲ့ကြပါတယ်။ တကယ်လို့ ဒီနှစ်မှာသာ ရော်နယ်လ်ဒိုပါ ပါဝင်လာခဲ့မယ်ဆိုရင် WWE Crown Jewel ပွဲကြီးကို ကြည့်ရှုသူဦးရေ ပိုလို့တောင် များပြားသွားနိုင်ပါတယ်။