ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား ရိုဒရီက သူတို့အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖလား ၃လုံး ချန်ပီယံ ဖြစ်ခဲ့သလို ဒီရာသီမှာလည်း ဆုဖလား ၃လုံးစလုံးကို တပြိုင်နက်ထဲ ရယူနိုင်အောင် အစွမ်းကုန် ကြိုးစားသွားမယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

ရိုဒရီရဲ့ မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ၊ အက်ဖ်အေဖလား စတဲ့ ဆုဖလား ၃လုံးစလုံးကို တပြိုင်နက်ထဲ ရယူကာ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်ရဲ့ အကြီးကျယ်ဆုံး အောင်မြင်မှု ဖြစ်တဲ့ ဖလား ၃လုံး အောင်မြင်မှုကို လိုက်မီခဲ့ပါတယ်။

Photo Credit: Goal

မန်ချက်စတာ စီးတီးက ပြီးခဲ့တဲ့ရာသီမှာ ဖလား ၃လုံး ချန်ပီယံ ဖြစ်ခဲ့သလို ဒီရာသီမှာလည်း ဖလား ၃လုံး လမ်းကြောင်းပေါ်မှာ ရှိနေဆဲ ဖြစ်ပြီး မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံဆု အတွက် အာဆင်နယ် ၊ လီဗာပူး စတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်နေရကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကွာတားဖိုင်နယ်ဆီ ရောက်ရှိနေသလို အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်ဆီ တက်လှမ်းထားနိုင်ပါတယ်။

မန်ချက်စတာ စီးတီးက လက်ရှိအချိန် အထိ သူတို့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သလို အဓိက ကစားသမားတွေကလည်း ကြံ့ခိုင်မှု ပြည့်ဝနေတာကြောင့် ဘောလုံးရေးရာ သုံးသပ်သူတွေကတော့ မန်ချက်စတာ စီးတီးဟာ ဖလား ၃လုံး ချန်ပီယံ ထပ်မဖြစ်တော့ရင်တောင် အနည်းဆုံး ဆုဖလား ၁လုံး ရယူနိုင်လိမ့်မယ်လို့ သုံးသပ်ထားကြပါတယ်။

Photo Credit: Manchester City

ဒါပေမယ့် မန်ချက်စတာ စီးတီးရဲ့ အဓိက ကွင်းလယ်လူ ရိုဒရီကတော့ သူတို့အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ဖလား ၃လုံး ချန်ပီယံ ဖြစ်ခဲ့သလို ဒီရာသီမှာလည်း ဖလား ၃လုံး ချန်ပီယံ ထပ်ဖြစ်နိုင်တယ်လို့ ကြုံးဝါး ပြောဆိုလာပါတယ်။ ရိုဒရီက – “ကျွန်တော်ကတော့ ဘယ်ပြိုင်ပွဲကို အဓိက ယှဉ်ပြိုင်မယ် ဆိုပြီး တွေးထားတာမျိုး မရှိပါဘူး။ ပြိုင်ပွဲ ၃ခုစလုံးမှာ ချန်ပီယံ ဖြစ်အောင် ကြိုးစားဖို့ပဲ စဉ်းစားထားပါတယ်။ ကျွန်တော်က ဖလား ၃လုံးစလုံးကို တပြိုင်ထဲ ရယူနိုင်စွမ်း ရှိတယ် ဆိုတာကို ပြီးခဲ့တဲ့ရာသီမှာ သက်သေပြပြီးပါပြီ။ ဖလား ၃လုံး ချန်ပီယံ ဖြစ်ဖို့ ဘယ်လောက်ခက်လဲ ဆိုတာ ကျွန်တော်တို့က သိပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့က ဖလား ၃လုံး ချန်ပီယံ ဖြစ်ဖို့ ဦးတည် ကြိုးစားသွားပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။

ရိုဒရီက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးနဲ့အတူ ဥရောပစူပါဖလားနဲ့ ကမ္ဘာ့ကလပ်ဖလားတို့ကို သိမ်းပိုက် ရယူထားနိုင်ပြီး သူက ဒီရာသီမှာ စီးတီးအတွက် ပြိုင်ပွဲစုံမှာ ၄၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၈ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၁၂ကြိမ် အထိ ရရှိထားပါတယ်။