စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ ဘယ်နောက်ခံလူ နေရာအတွက် လီဗာပူးရဲ့ အဓိက ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ကို ခေါ်ယူရန် ပြင်ဆင်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailက အခိုင်အမာ ဖော်ပြသွားပါတယ်။

ရီးရဲလ်မက်ဒရစ်က ကမ္ဘာ့အဆင့် ကစားသမားတွေ စုဝေးနေတဲ့ အသင်းကြီး ဖြစ်ပေမယ့် သူတို့အသင်းရဲ့ အဓိက ဘယ်နောက်ခံလူ ဖြစ်တဲ့ မန်ဒီက မကြာခဏ အမှားအယွင်းတွေ လုပ်လေ့ ရှိသလို ခြေစွမ်းလည်း ကျဆင်းနေတာကြောင့် ဒီရာသီမှာ ကွင်းလယ်လူ ကာမာဗင်ဂါကို ဘယ်နောက်ခံလူ အဖြစ် သုံးစွဲခဲ့ရပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ် နည်းပြချုပ် အန်ဆလော့တီက လာမယ့် နွေဈေးကွက် အတွင်းမှာ ကမ္ဘာ့အဆင့် ဘယ်နောက်ခံလူ တဦးကို ခေါ်ယူပေးဖို့ ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်ထံ တောင်းဆိုထားပြီး ပီရက်ဇ်ကလည်း ဘယ်လင်ဟမ်ရဲ့ အပြောင်းအရွှေ့ကို အဆုံးသတ်ပြီးရင် ဘယ်နောက်ခံလူ တဦး ခေါ်ယူပေးမယ်လို့ ကတိပေးထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ရီးရဲလ်မက်ဒရစ်က သူတို့ရဲ့ ဘယ်နောက်ခံ နေရာအတွက် လီဗာပူးရဲ့ အဓိက ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ရော်ဘတ်ဆန်ကလည်း သူတို့အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလိမ့်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။

Photo Credit: Team Talk

စကော့တလန် လက်ရွေးစင် အသင်းခေါင်းဆောင် ရော်ဘတ်ဆန်က အသက် ၂၉နှစ် အရွယ်သာ ရှိသေးသူ ဖြစ်သလို ကမ္ဘာ့အဆင့် ဘယ်နောက်ခံလူ တဦး ဖြစ်ပြီး ရော်ဘတ်ဆန်က ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၄၃ပွဲ ပါဝင် ကစားပေးခဲ့ရာ ဂိုးဖန်တီးမှု ၁၁ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

လီဗာပူးက သူတို့အသင်းရဲ့ အဓိက ဘယ်နောက်ခံလူ ရော်ဘတ်ဆန်ကို ရောင်းချဖို့ စိတ်ကူးမရှိပေမယ့် အကယ်၍ ရော်ဘတ်ဆန်ကသာ အသင်းပြောင်းခွင့် တောင်းခံလာရင် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်နဲ့ ရော်ဘတ်ဆန်ကို ရောင်းထုတ်နိုင်ပြီး ရော်ဘတ်ဆန်ကလည်း ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားဖွယ် ရှိနေပါတယ်။