ရီးယဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ ကီလီယန် အမ်ဘာပေကို လာမယ့်နွေမှာ ခေါ်ယူသွားနိုင်ဖို့အတွက် ၂၀၂၄ခုနှစ် နှစ်အစပိုင်းကတည်းကနေ စတင် ပြင်ဆင်သွားလိမ့်မယ် စပိန်အခြေစိုက် Relevo မီဒီယာရဲ့ သတင်းထောက်တစ်ဦးက ပြောဆိုလာခဲ့ပါတယ်။

ရီးယဲလ်ဟာ ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် ကြယ်ပွင့်ကစားသမား ဘာပေကို ခေါ်ယူနိုင်ဖို့ အကြိမ်ကြိမ် ပစ်မှတ်ထား ကြိုးပမ်းခဲ့ပေမယ့် အခုအချိန်ထိ မအောင်မြင်သေးပဲ ဖြစ်နေရာ ဒီတစ်ခေါက်မှာတော့ ဘာပေအတွက် နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုတစ်ရပ်ကို အသေအချာ လုပ်ဆောင်လာဖွယ် ရှိနေပါတယ်။

Photo Credit : San Diego Union-Turbine

Relevo ရဲ့ ဖော်ပြချက်မှာတော့ ရီးယဲလ်က ဘာပေကို ခေါ်ယူဖို့အတွက် လာမယ့် ၂၀၂၄ နှစ်အစပိုင်းမှာကတည်းက စတင် လှုပ်ရှားသွားမှာဖြစ်ပြီး တကယ်လို့ ဒီအပြောင်းအရွှေ့က ထပ်ပြီး အဆင်မပြေခဲ့ရင်တော့ တခြားသော options တွေကို ဆက်လက် ရွေးချယ်သွားမှာပဲ ဖြစ်ပါတယ်။

ရီးယဲလ်က ဘာပေကို ခေါ်ယူဖို့အတွက် ဘာပေရဲ့ သဘောထားကို အသေအချာ သိရှိချင်နေပြီး တကယ်လို့ ဘာပေဘက်ကသာ ရီးယဲလ်ဆီ ပြောင်းလာချင်တယ်ဆိုရင်တော့ အကြိုသဘောတူညီမှုတွေပါ တစ်ခါတည်း ရယူထားတာမျိုးအထိ လုပ်ဆောင်ဖို့ ရှိနေပါတယ်။

Photo Credit : Evening Standard

ဒီလိုမှ မဟုတ်ပဲ ဘာပေအနေနဲ့ ပီအက်စ်ဂျီမှာပဲ ဆက်နေချင်သလိုလို တခြားအသင်းဆီပဲ ပြောင်းချင်သလိုလို ဖြစ်နေမယ်ဆိုရင်တော့ ရီးယဲလ်က ဘာပေအစား ထိပ်တန်း တိုက်စစ်မှူး တစ်ဦးဦးကိုသာ ပြောင်းလဲ ချိန်ရွယ်သွားမှာ ဖြစ်ပါတယ်။

ဘာပေက လာမယ့် ၂၀၂၄ ဇွန်လမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး တစ်နှစ်ထပ်တိုးခွင့်လည်း ရှိနေသေးတယ် ဆိုပေမယ့် ဘာပေရဲ့ အနာဂတ်က လက်ရှိအချိန်ထိ ဘာဖြစ်မလဲဆိုတာ ယတိပြတ် ခန့်မှန်းရခက်နေပါတယ်။