ရီးယဲလ် မက်ဒရစ်အသင်းဟာ အသင်းရဲ့ ညာခြမ်းခံစစ် နေရာအတွက် လီဗာပူးလ် အကယ်ဒမီထွက် ညာနောက်ခံကစားသမား ထရန့် အလက်ဆန်းဒါး အာနိုးကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားလျက် ရှိနေတယ်လို့ စပိန် သတင်းထောက် မက်တီအို မာရက်တိုက ဖော်ပြသွားခဲ့ပါတယ်။

လာမယ့်နှစ်အနည်းငယ်အတွင်း ကြယ်စင်စုအသင်းကို တည်ထောင်သွားဖို့ အစီအစဉ် ရှိနေတဲ့ ရီးယဲလ် အသင်းဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က အသင်းရဲ့ ဘယ်ခြမ်းခံစစ်အတွက် ဘိုင်ယန်က အယ်လ်ဖွန်ဆို ဒေးဗီးစ်နဲ့ ညာခြမ်းအတွက် လီဗာပူးလ်က အာနိုးတို့ကို ချိန်ရွယ်ထားလျက် ရှိနေပါတယ်။

Photo Credit : The Telegraph

ရီးယဲလ်အသင်းဟာ လာမယ့်နွေမှာတော့ အသင်းတိုက်စစ်ပိုင်းအတွက် ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေကို ခေါ်ယူဖို့အတွက်ကိုပဲ ဦးစားပေး လုပ်ဆောင်သွားမှာ ဖြစ်ပေမယ့် လာမယ့် ၂၀၂၅နွေမှာတော့ အာနိုးနဲ့ ဒေးဗီးစ်တို့ကို အရ ခေါ်ယူဖွယ်လည်း ရှိနေပါတယ်။

အသက် (၂၅)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ အာနိုးဟာ လီဗာပူးလ်အသင်းရဲ့ အဓိက ကစားသမားနဲ့ အနာဂတ် အသင်းခေါင်းဆောင် တာဝန် ရရှိလာနိုင်သူ ဖြစ်ပေမယ့်လည်း အသင်းမှာ ယာဂင် ကလော့ပ် မရှိတော့တဲ့နောက်ပိုင်း အာနိုးရဲ့ အခန်းကဏ္ဍာက အခုအတိုင်း ဆက်ရှိသွားနိုင်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာရပါတယ်။

Photo Credit : Transfermarket

ဒါ့အပြင် အာနိုးဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာဖြစ်ပြီး ဒီအခြေအနေဟာလည်း အာနိုးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ရီးယဲလ်အသင်းအတွက် တကယ့်ကို စောင့်ကြည့်ချင်စရာ ဖြစ်လာခဲ့ရပါတယ်။

ရီးယဲလ်ကတော့ အသင်းရဲ့ ညာခြမ်းခံစစ်မှာ ဝါရင့် ကစားသမားကြီး ဒန်နီ ကာဗာဂျယ်လ်နေရာကို ရေရှည် အစားထိုးနိုင်ဖို့အတွက် အာနိုးလို အရည်အသွေးမြင့် ညာနောက်ခံလူကို အရ ခေါ်ယူသွားချင်နေပြီး လက်ရှိ အာနိုးရဲ့ တန်ကြေးကတော့ ယူရို သန်း(၇၀)အထိ ရှိလို့နေပါတယ်။