ရီးယဲလ်မက်ဒရစ်အသင်းဟာ စီးရီးအေကလပ် အတ္တလန်တာအသင်းရဲ့ ဒိန်းမတ် တိုက်စစ်ကစားသမားလေး ရာစမူစ်ဟွိုက်လန်းကို စိတ်ဝင်စားလျက် ရှိနေပြီး ဒီကစားသမားလေးရဲ့ တိုးတတ်မှုတွေကို စောင့်ကြည့်လျက် ရှိနေတယ်လို့ စပိန်သတင်းစာ SPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

Official: Atalanta break bank for 'new Haaland' Hojlund - Football Italia

Photo Credit : Football Italia

အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ဟွိုက်လန်းဟာ ဒိန်းမတ် ထိပ်သီးကလပ် ကိုပင်ဟေဂင်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလမှာပဲ သြစတြီးယားကလပ် စတမ်းဂရက်ဇ်အသင်းဆီ ပြောင်းရွေ့ခဲ့သလို စတမ်းဂရက်ဇ်မှာ (၂၁)ပွဲအတွင်း (၁၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ စတမ်းဂရက်ဇ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဒီကစားသမားလေးကို အခုဘောလုံးရာသီရဲ့နွေဈေးကွက်မှာပဲ အတ္တလန်တာအသင်းက ပြောင်းရွေ့ကြေး ယူရို(၁၇)သန်းနဲ့ ခေါ်ယူခဲ့ကာ (၅)နှစ်စာချုပ် ချုပ်ဆိုဖြစ်ခဲ့ပါတယ်။

Image

Photo Credit : Twitter

အရပ်(၆)ပေ(၃)လက်မထိ မြင့်မားတဲ့ ဟွိုက်လန်းဟာ လက်ရှိမှာ အတ္တလန်တာအသင်းအတွက် ရာသီဝက်ခန့် ပါဝင်ထားခဲ့ရချိန်မှာ ပြိုင်ပွဲစုံ (၁၆)ပွဲအတွင်း (၅)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒိန်းမတ် ယူ-၂၁ ကစားသမားလေး ဟွိုက်လန်းဟာ ဒိန်းမတ်လက်ရွေးစင်အသင်းအတွက်ကိုလည်း ရွေးချယ်ခံထားခဲ့ရပြီး ဒိန်းမတ် ခရိုအေးရှားအသင်းတွေနဲ့ ကစားခဲ့ရတဲ့ နေးရှင်းစ်လိဂ် ပွဲစဉ်တွေမှာပါ ပါဝင်ထားခဲ့ရပါတယ်။ အသက်ငယ်ရွယ်ပြီး တိုးတတ်မှုကောင်းမွန်နေတဲ့ ဟွိုက်လန်းကို လက်ရှိမှာ ဥရောပ အင်အားကြီး ကလပ်အသင်း ရီးယဲလ်မက်ဒရစ်ကပါ စောင့်ကြည့်လာခဲ့ပြီး ကစားသမားလေးရဲ့ အလားအလာတွေ ပိုမို ကောင်းမွန်လာတယ်ဆိုရင် လာမယ့်ဈေးကွက်တွေအတွင်းမှာ ကမ်းလှမ်းမှုတွေ ပြုလုပ်လာဖွယ်လည်း ရှိနေပါတယ်။ လက်ရှိ ရီးယဲလ်အသင်းရဲ့ တိုက်စစ်မှာ အထောင်တိုက်စစ်နေရာအတွက် ဝါရင့်ကစားသမားကြီး ဘန်ဇီမာ တစ်ဦးတည်းလောက်သာ အသင်းကို အကျိုးပြုနေတာဖြစ်လို့ အသင်းတိုက်စစ်မှာ ရေရှည် အသုံးပြုသွားဖို့အတွက် လူငယ်ကစားသမားလေးတွေ အားဖြည့်ဖို့ လိုအပ်နေပြီး မကြာသေးခင်ကလည်း ဘရာဇီးလ် လူငယ် တိုက်စစ်မှူးလေး အန်းဒရစ်ကို လာမယ့် ၂၀၂၄ခုနှစ်မှာ ခေါ်ယူသွားဖို့ သဘောတူညီမှု ရရှိထားပါသေးတယ်။