ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ချဲလ်ဆီးအသင်းရဲ့ အဂ်လန် ညာနောက်ခံကစားသမား ရီးစ်ဂျိမ်းစ်ကို အမှန်အကန် စိတ်ဝင်စားလျက် စိတ်ဝင်စားလျက် ရှိနေပြီး အသင်းရဲ့ ညာခြမ်းခံစစ်နေရာအတွက် main target အဖြစ်ပါ သတ်မှတ်ထားတယ်လို့ စပိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

ချဲလ်ဆီး အကယ်ဒမီထွက် right-back player ဂျိမ်းစ်ဟာ လက်ရှိမှာ ချဲလ်ဆီးအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေရပြီး သူ့ကိုလည်း အသင်းက ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းကပင် (၆)နှစ်သက်တမ်းရှိ ကာလရှည် စာချုပ်တစ်ရပ်ပါ ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဂျိမ်းစ်ကို လာလီဂါ ထိပ်တန်း ကလပ်အသင်းကြီး ရီးယဲလ်က အတော်လေးကို စိတ်ဝင်စားလျက် ရှိနေပြီး ဂျိမ်းစ်ကိုလည်း အသင်းရဲ့ ညာခြမ်းခံစစ် နေရာအတွက် အမှန်အကန် ပစ်မှတ်ထားထားလျက် ရှိနေတယ်လို့ စပိန်သတင်းစာ AS ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Football London

ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့် နွေရာသီမှာ ကစားသမား အများအပြား ရောင်းချရဖို့ ရှိနေပြီး ဂျိမ်းစ်လို ကစားသမားမျိုးကို ရောင်းချဖြစ်မယ်ဆိုရင်လည်း အသင်းအတွက် ပြောင်းရွေ့ကြေးများစွာ ပြန်လည် ရရှိနိုင်မှာ ဖြစ်ပေမယ့် အသင်းပိုင်ရှင် တော့ဒ်ဘိုလေနဲ့ အသင်းနည်းပြ ဂရေဟမ်ပေါ်တာတို့ကတော့ ဂျိမ်းစ်ကို အသင်းမှာပဲ ထားရှိချင်နေသလို ကစားသမား ကိုယ်တိုင်ကလည်း ချဲလ်ဆီးနဲ့ပဲ လက်တွဲချင်နေပါတယ်။ ဂျိမ်းစ်က ဒီရာသီထဲ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရပေမယ့် ချဲလ်ဆီးရဲ့ main player တစ်ဦး ဖြစ်နေတဲ့အပြင် သူရဲ့စာချုပ်သစ်ကလည်း ၂၀၂၈ခုနှစ်အထိ သက်တမ်းရှိနေမှာဖြစ်လို့ ရီးယဲလ်က ဂျိမ်းစ်ကို ခေါ်ယူဖို့ အတော်လေးကို ခက်ခဲရဖွယ် ရှိနိုင်ပါတယ်။

Photo Credit : Reuters

ဒါကြောင့် ရီးယဲလ်က နောက်ထပ် options တွေအနေနဲ့ မန်စီးတီး side-back ကစားသမား ကန်ဆယ်လိုနဲ့ ဗီလာရီးယဲလ်ရဲ့ ညာနောက်ခံလူ ဟွမ်ဖွိုက်တို့ကိုလည်း ချိန်ရွယ်ထားနေပါတယ်။ လက်ရှိ စီးတီးကနေ ဘိုင်ယန်မြူးနစ်မှာ အငှားနဲ့ လာကစားနေရတဲ့ ပေါ်တူဂီ နောက်ခံအစွန်လူ ကန်ဆယ်လိုက natural right-back ကစားသမား ဖြစ်ပေမယ့် ဘယ်ခြမ်းမှာလည်း ကစားတတ်သူလည်း ဖြစ်ပါတယ်။ စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ အဆင်မပြေ ဖြစ်ထားမှုတွေကြောင့် ဘိုင်ယန်ဆီ အငှားနဲ့ ပြောင်းရွှေ့ထားရတဲ့ ကန်ဆယ်လိုဟာ စီးတီးကနေ အပြီးသတ် ထွက်ခွာရနိုင်သလို ဘိုင်ယန်ကလည်း အပြီးသတ် ခေါ်ယူဖို့ ဆန္ဒမရှိတာကြောင့် ရီးယဲလ်က ကန်ဆယ်လိုရဲ့ အခြေအနေကိုလည်း စောင့်ကြည့်နေတာ ဖြစ်ပါတယ်။