သြစတြီးယား ထိပ်တန်းကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းက မန်ချက်စတာယူနိုက်တက်အသင်း စိတ်ဝင်စားနေတဲ့ အသင်းရဲ့ တိုက်စစ်ကစားသမား ဘင်ဂျမင်ဆက်ကိုအတွက် ပြောင်းရွှေ့ကြေး သန်းတစ်ထောင်အပြင် ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ်နဲ့ ဖရက်တို့ကိုပါ အလိုရှိတယ်လို့ ထပ်မံ နောက်ပြောင်သွားခဲ့ပါတယ်။

Sesko has started the season in fine form, netting two goals in Salzburg's first two games

Photo Credit : Daily Mail

အသက်(၁၉)နှစ်အရွယ်ရှိ ဆလိုဗေးနီးယား လက်ရွေးစင် တိုက်စစ်ကစားသမား ဆက်ကိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီအတွင်း ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး (၁၁)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သလို သူရဲ့ အရပ်အမောင်း မြင့်မားမှု တိုက်စစ်စွမ်းဆောင်ရည် ကောင်းမွန်မှုတို့ကြောင့် ဆာလ်ဇ်ဘာ့ဂ် ကစားသမားဟောင်း ဟော်လန်းနဲ့ပါ ခိုင်းနှိုင်းခံလာခဲ့ရပါတယ်။ ဟော်လန်းလက်သစ်လို့ တင်စားခံနေရသူ ဆက်ကို ကို နယူးကာဆယ် အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားနေကြသလို အန်တိုနီကို ခေါ်ယူဖို့ ခက်ခဲနေတဲ့ မန်ယူနိုက်တက်အသင်းကပါ ဆက်ကို ကို စတင် စောင့်ကြည့်လာခဲ့တယ်လို့ နာမည်ကျော် ဘောလုံးအပြောင်းအရွှေ့ဂုရု ဖာဘရီဇီယိုရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။

ဒီလို ဖာဘရီဇီယိုရဲ့ တွစ်တာသတင်းဖော်ပြချက်ကို အင်္ဂလိပ်ဘာသာရပ်နဲ့ ဖွင့်လှစ်တားတဲ့ ဆာလ်ဇ်ဘာ့ဂ် twitter ကနေ ပြန်လည်ဝေမျှသွားပြီး “ငါတို့တွေ သန်း(၃၀၀)+ဘရူနိုကို လိုချင်တယ်” ဆိုတဲ့ စာသားနဲ့ပါ နောက်ပြောင်ကျီစယ်သွားခဲ့ပါတယ်။ အခုလည်း ဆက်ကိုဟာ လီဗာပူးလ်အသင်းနဲ့ ခြေစမ်းပွဲအတွင်း ဆာလ်ဇ်ဘာ့ဂ်အသင်းအတွက် တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူနိုင်ခဲ့တဲ့နောက် ဆာလ်ဇ်ဘာ့ဂ်ဘက်ကနေ သူတို့ရဲ့ ကစားသမား ဆက်ကိုရဲ့ လက်ရှိတန်ကြေးက မြင့်တတ်သွားပြီဆိုတဲ့ သဘောမျိုးနဲ့ နောက်ပြောင်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့ပြီး “အခု ငါတို့တွေ ဆက်ကိုအတွက် သန်းတစ်ထောင်ရယ် ဘရူနိုရယ် ဖရက်ရယ်ကို လိုချင်တယ်” လို့ပါ ရေးသားလာခဲ့ပါတယ်။ လက်ရှိမှာလည်း ဆက်ကိုဟာ ၂၀၂၁ခုနှစ်ကမှ (၅)နှစ်စာချုပ်တစ်ရပ် ချုပ်ဆိုထားတာဖြစ်လို့ သူရဲ့ လက်ရှိစာချုပ်က ၂၀၂၆ခုနှစ်အထိ စာချုပ်ရှိနေတာဖြစ်လို့ ဆက်ကို ကို ခေါ်ယူဖို့ဆိုတာက မလွယ်ကူနိုင်ပဲ ပြောင်းရွှေ့ကြေးကိုလည်း ပေါင်(၅၅)သန်းလောက်အထိ အသုံးပြုရဖွယ် ရှိနေပါတယ်။ ဒါပေမယ့်လည်း လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဆက်ကို ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲမှာ မန်ယူနိုက်တက်အသင်းကသာ ဦးဆောင်နေလျက်ရှိသလို ခေါ်ယူနိုင်ဖို့ကိုလည်း ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။