ဒီနေ့မှာ ဆက်လက် ကျင်းပသွားမယ့် ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဒုတိယမြောက်ပွဲစဉ်ဖြစ်တဲ့ ည(၇)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားသွားမယ့် ဒိန်းမတ်အသင်းနဲ့ တူနီးရှားအသင်းတို့ရဲ့ အုပ်စု(D)ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်မှုတွေကို ဖော်ပြပေးသွားချင်ပါတယ်။

Denmark qualify for 2022 World Cup | Goal.com

Photo Credit : Goal

ဒိန်းမတ်က ကမ္ဘာ့ဖလားခြေစစ်ပွဲ (၁၀)ပွဲမှာ (၉)ပွဲအထိတောင် အနိုင်ရထားခဲ့တဲ့ အသင်းဖြစ်သလို Nations League ပြိုင်ပွဲမှာလည်း ပုံစံကောင်းတွေ ပြသထားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ယူရို-၂၀၂၀မှာလည်း ဆီမီးဖိုင်နယ်အဆင့်ထိ တတ်လှမ်းနိုင်အောင် ခြေစွမ်းပြထားခဲ့တဲ့ ဒိန်းမတ်ဟာ ကစားသမား အင်အားပိုင်းမှာလည်း တူနီးရှားထက် သာလွန်နေတဲ့အပြင် ကမ္ဘာ့ဖလား အတွေ့အကြုံပိုင်းမှာလည်း အသာရနေပါတယ်။

Tunisia's Wahbi Khazri applauds fans after the match in September 2022

Photo Credit : SportsMole

ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက်တိုက် ပါဝင်ခွင့်ရထားတဲ့ တူနီးရှားက ပြင်သစ် ဒိန်းမတ် သြစတြေးလျအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေလို့ ဒီတစ်ကြိမ်မှာလည်း အုပ်စုကနေ နောက်တစ်ဆင့်တတ်ဖို့က ခက်ခဲနေရဦးမှာပါ။ ဒါပေမယ့်လည်း ခြေစမ်းပွဲတွေမှာ ဘရာဇီးလ်ပွဲကလွဲပြီး ကျန်တဲ့ပွဲတွေအတွင်း ရလဒ်ကောင်းထားတာမို့ အခု ဒိန်းမတ်နဲ့ပွဲမှာလည်း တစ်ခုခု လုပ်ပြနိုင်မလားဆိုတာ မျှော်လင့်ချင်စရာ ဖြစ်နေပါတယ်။

Denmark vs Tunisia: Kick-off time, TV channel, live stream free and team  news for World Cup 2022 match | The Sun

Photo Credit : The Sun

ဒိန်းမတ်အသင်းက ကမ္ဘာ့ဖလားအဖွင့်ပွဲတွေမှာ အမြဲလိုလို ရလဒ်ကောင်းတတ်တဲ့ အသင်းတစ်သင်း ဖြစ်နေတဲ့အပြင် အုပ်စုတတ်ရေးအတွက် အခုလို တူနီးရှားအသင်းနဲ့ ရင်ဆိုင်ရတုန်းမှာ အမှတ်ပြည့်ယူထားဖို့ မဖြစ်မနေ လိုအပ်နေပါတယ်။ တူနီးရှားကလည်း ဒီနှစ်ကမ္ဘာ့ဖလားမှာ တာထွက်ကောင်းဖို့အတွက် ကြိုးပမ်းလာဖို့ ရှိလာနိုင်ပေမယ့် သူတို့ထက် အစစအရာရာ သာလွန်နေတဲ့ ဒိန်းမတ်ဆီကနေတော့ အမှတ်ရအောင် ယူဆောင်ဖို့က ဖြစ်နိုင်ခြေနည်းပါတယ်။ ဒိန်းမတ်သာ အနိုင်ရသွားပါမယ်။