၂၀၂၁-၂၀၂၂ ဘောလုံးရာသီ ခရီးရှည်ကြီး အဆုံးသတ်သွားခဲ့ပြီဖြစ်လို့ လာမယ့် ဘောလုံးရာသီ မစတင်ခင် နွေရာသီ ရာသီကြို ခြေစမ်းပွဲစဉ်တွေ ဖိတ်ခေါ်ဖလားပွဲစဉ်တွေကို လာမယ့် ဇူလိုင်လအတွင်းမှာပဲ စတင်ကြည့်ရှုသွားရတော့မှာဖြစ်လို့ ဒီလို ခြေစမ်းပွဲစဉ်တွေကို ယှဉ်ပြိုင်သွားဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ် Top 6 အသင်းတွေရဲ့ ပွဲစဉ်တွေအကြောင်းကို တင်ဆက်ပေးသွားချင်ပါတယ်။

မန်စီးတီး

Houston builds on World Cup bid in hosting Man City v Club América -  Insider Sport

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းကတော့ လက်ရှိမှာ ခြေစမ်းပွဲ(၂)ပွဲကိုသာ စီစဉ်ထားရသေးပြီး (၂)ပွဲလုံးကိုတော့ အမေရိကန်နိုင်ငံမှာပဲ ကျင်းပမယ်လို့ သိရပါတယ်။
မန်စီးတီး နဲ့ ကလပ်အမေရိက (ဇူလိုင် ၂ဝရက်နေ့)
မန်စီးတီး နဲ့ ဘိုင်ယန်မြူးနစ် (ဇူလိုင် ၂၃ရက်နေ့)

လီဗာပူးလ်

Liverpool FC - Pre-season: Liverpool to take on Manchester United in Bangkok

လီဗာပူးလ်အသင်းဟာလည်း ခြေစမ်းပွဲ(၂)ပွဲကိုသာ စီစဉ်ထားရသေးပြီး ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ ထိုင်း စင်ကာပူတို့မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
လီဗာပူးလ် နဲ့ မန်ယူ (ဇူလိုင် ၁၂ရက်နေ့ ထိုင်းနိုင်ငံ)
လီဗာပူးလ် နဲ့ ခရစ္စတယ်ပဲလေ့စ် (ဇူလိုင် ၁၅ရက်နေ့ စင်ကာပူနိုင်ငံ)

ချယ်လ်ဆီး

Chelsea FC (@ChelseaFC) / Twitter

ချယ်လ်ဆီးကတော့ ခြေစမ်းပွဲ (၃)ပွဲ ကစားသွားဖို့ စီစဉ်ထားခဲ့ပြီး အဲ့ဒီပွဲစဉ်တွေအားလုံးကို အမေရိကန်နိုင်ငံမှာပဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။
ချယ်လ်ဆီး နဲ့ ကလပ်အမေရိက (ဇူလိုင် ၁၆ရက်နေ့)
ချယ်လ်ဆီး နဲ့ ချာလော့တေး (ဇူလိုင် ၂ဝရက်နေ့)
ချယ်လ်ဆီး နဲ့ အာဆင်နယ် (ဇူလိုင် ၂၃ရက်နေ့)

စပါး

Tottenham announces pre season tour to Korea in Summer < World < NEWS <  기사본문 - 풋볼아시안

စပါးအသင်းကတော့ ဆွန်ဟောင်မင်ရဲ့ မွေးရပ်မြေ တောင်ကိုရီးယားနိုင်ငံ စကော့တလန်နဲ့ အစ္စရေးနိုင်ငံတွေမှာ ရာသီကြိုခြေစမ်းပွဲ (၄)ပွဲအထိ ဆင်နွဲသွားမှာ ဖြစ်ပါတယ်။
စပါး နဲ့ ကေလိဂ်အောစတား (ဇူလိုင် ၁၃ရက်နေ့ တောင်ကိုရီးယား)
စပါး နဲ့ ဆီဗီလာ (ဇူလိုင် ၁၆ရက်နေ့ တောင်ကိုရီးယား)
စပါး နဲ့ ရိန်းဂျားစ် (ဇူလိုင် ၂၃ရက်နေ့ စကော့တလန်)
စပါး နဲ့ ရိုးမား (ဇူလိုင် ၃ဝရက်နေ့ အစ္စရေး)

အာဆင်နယ်

Arsenal to head to the US to compete in FC Series | News | Arsenal.com

အာဆင်နယ်ဟာလည်း မန်စီးတီး ချယ်လ်ဆီးတို့လို အမေရိကန်နိုင်ငံမှာ ခြေစမ်းပွဲ(၃)ပွဲကို ဆင်နွဲမှာဖြစ်သလို သူတို့ရဲ့ ဖိတ်ခေါ်ဖလားဖြစ်တဲ့ Emirates Cup အတွက်ကိုလည်း ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
အာဆင်နယ် နဲ့ အဲဗာတန် (ဇူလိုင် ၁၆ရက်နေ့)
အာဆင်နယ် နဲ့ အော်လန်ဒို (ဇူလိုင် ၂ဝရက်နေ့)
အာဆင်နယ် နဲ့ ချယ်လ်ဆီး (ဇူလိုင် ၂၃ရက်နေ့)
အာဆင်နယ် နဲ့ ဆီဗီလာ (ဇူလိုင် ၃ဝရက်နေ့)

မန်ချက်စတာယူနိုက်တက်

Manchester United confirm pre-season tour fixtures vs Liverpool and  opponents - Manchester Evening News

ယူနိုက်တက်ကတော့ Top 6 အသင်းတွေထဲမှာ ခြေစမ်းပွဲ အရေအတွက် အများဆုံး စီစဉ်ထားပြီး ထိုင်း သြစတြေးလျနဲ့ နော်ဝေနိုင်ငံတွေမှာ ခြေစမ်းပွဲတွေမှာ ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။
မန်ယူ နဲ့ လီဗာပူးလ် (ဇူလိုင် ၁၂ရက်နေ့ ထိုင်း)
မန်ယူ နဲ့ မဲလ်ဘုန်းဗစ်ထရီ (ဇူလိုင် ၁၅ရက်နေ့ သြစတြေးလျ)
မန်ယူ နဲ့ ခရစ္စတယ်ပဲလေ့စ် (ဇူလိုင် ၁၉ရက်နေ့ သြစတြေးလျ)
မန်ယူ နဲ့ အက်စတွန်ဗီလာ (ဇူလိုင် ၂၃ရက်နေ့ သြစတြေးလျ)
မန်ယူ နဲ့ အသက်လက်တီကို (ဇူလိုင် ၃ဝရက်နေ့ နော်ဝေ)