ဂျုဗင်တပ်စ်အသင်းဟာ အခုနှစ် နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ ကစားသမားဟောင်း ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို ပြန်လည်ခေါ်ယူသွားဖို့အတွက် ပြောင်းရွှေ့ကြေးကို မပါဝင်ပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့သာ ကမ်းလှမ်းရမှာ ဖြစ်ပေမယ့် (၄)နှစ်စာချုပ်အတွက် ပေါင်(၆၈)သန်းလောက်အထိကို အသုံးပြုရဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

Paul Pogba is widely tipped to return to Juventus after leaving Manchester United

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း မတိုးတော့ပဲ စာချုပ်ကုန်ဆုံးသွားချိန်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ လက်တွဲဖြုတ်သွားခဲ့တဲ့ ပေါ့ဘာကို သူရဲ့အသင်းဟောင်း ဂျုဗင်တပ်စ် အပါအဝင် ပီအက်စ်ဂျီ ရီးယဲလ်မက်ဒရစ်အသင်းတို့က ခေါ်ယူသွားဖို့ အပြိုင်ကြိုးပမ်းနေပေမယ့်လည်း အီတလီ အခြေစိုက် သတင်းမီဒီယာ Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ ဂျုဗင်တပ်စ်ကသာ ပေါ့ဘာရဲ့ အသင်းသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံးအသင်း ဖြစ်နေရတယ်လို့ သိရပါတယ်။

Pogba could earn up to £68million over a four-year contract back with the Italian side

Photo Credit : Daily Mail

ဂျုဗင်တပ်စ်အသင်းဟာ သူတို့အသင်းမှာ ၂၀၁၂ခုနှစ်ကနေ ၂၀၁၆ခုနှစ်အထိ (၄)နှစ်တာ ပါဝင်ကစားသွားခဲ့သူ ကစားသမားဟောင်း ပေါ့ဘာကို အသင်းဆီ တကျော့ပြန် ခေါ်ယူသွားဖို့အတွက် တစ်နှစ်ကို ယူရို(၁၀)သန်း အပါအဝင် အေးဂျင့်ခ+လက်မှတ်ထိုးကြေး+အပိုဆုကြေး ယူရို(၈)သန်း အားလုံးစုစုပေါင်းအတွက် ယူရိုသန်း(၈၀) ပေါင်(၆၈)သန်း အသုံးပြုသွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပေါ့ဘာဟာ နာမည်ကျော် ဘောလုံး စူပါအေးဂျင့် မီနိုရွိုင်ယိုလာနဲ့ လက်တွဲထားခဲ့တာ ဖြစ်ပေမယ့်လည်း ရွိင်ယိုလာက မကြာသေးခင်ကမှ ကွယ်လွန်သွားခဲ့တာဖြစ်လို့ ပေါ့ဘာရဲ့ အပြောင်းအရွှေ့တွေကို ရိုင်ယိုလာရဲ့ ရှေ့နေဖြစ်သူက လုပ်ဆောင်ပေးနေတာဖြစ်ပြီး ပေါ့ဘာကို ခေါ်ယူချင်နေတဲ့ ဂျုဗင်တပ်စ်ကို (၄)နှစ်စာချုပ်နဲ့ ကမ်းလှမ်းသွားရမယ်လို့ တောင်းဆိုထားခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ ဒီတောင်းဆိုမှုကို ဂျုဗင်တပ်စ်ဘက်က လိုက်လျောမှု မရှိခဲ့ဘူးဆိုရင်တော့ လတ်တလောမှာ ဇီဒန်းကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ သေချာသလောက်ကို ရှိနေရတဲ့ ပီအက်စ်ဂျီအသင်းက ပေါ့ဘာအတွက် ကမ်းလှမ်းမှုတွေ ထပ်တိုးလုပ်ဆောင်လာနိုင်သလို ပေါ့ဘာကိုယ်တိုင်ကလည်း သူ့အသင်းဟောင်းထက် ဇီဒန်းရှိရာ ပီအက်စ်ဂျီကို ပြောင်းရွှေ့ဖို့ စိတ်အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။