လက်ရှိ အသင်းနည်းပြ ဂယ်လ်တီယာကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြသစ် တစ်ဦးကို အစားထိုး ခန့်အပ်သွားချင်နေတဲ့ ပီအက်စ်ဂျီအသင်းဟာ နာမည်ကျော် နည်းပြတွေကို ချိန်ရွယ်ခဲ့ပေမယ့် တစ်ဦးနဲ့မှ အဆင်မပြေခဲ့တာကြောင့် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ လူးဝစ်ဟင်းနရစ်ကို ကြိုးပမ်းလာခဲ့ရာ အခုဆို အခြေအနေကောင်းတစ်ခုပါ ရောက်ရှိလာခဲ့ပြီလို့ သိရပါတယ်။

Image

Photo Credit : Twitter

နည်းပြရာထူးအတွက် ဇီဒန်း မော်ရင်ဟို အာတေတာတို့လို နည်းပြတွေကို ကြိုးပမ်းခဲ့ပေမယ့် ဘယ်လိုမှ အဆင်မပြေနိုင်ခဲ့လို့ ကစားသမားဟောင်း မော်တာ နဲ့ ဘိုင်ယန်နည်းပြဟောင်း နာဂယ်စ်မန်းတို့အထိပါ ထပ်မံ ချိန်ရွယ်ခဲ့သေးပေမယ့်လည်း ဆက်လက်ပြီးသာ လွဲချော်ခဲ့ရပါတယ်။ ဒါကြောင့် ပီအက်ဂျီအသင်းက ဘာစီလိုနာ နဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ နည်းပြဟောင်းဖြစ်သူ ဟင်းနရစ်ကိုသာ ပြောင်းလဲ ကြိုးပမ်းလာခဲ့ရာ အခုတော့ ဆွေးနွေးမှုတွေ တိုးတတ်လာခဲ့ရပြီး ဟင်းနရစ်ကလည်း ပီအက်စ်ဂျီနဲ့ လက်တွဲသွားဖွယ် ရှိနေပါတယ်။

Luis Enrique among the frontrunners for PSG job ahead of Christophe  Galtier's imminent exit - in another potential blow to Tottenham's  managerial pursuit | Goal.com

Photo Credit : Goal

စပိန်လူမျိုး ဘောလုံးသမားဟောင်း ရိုးမား ဆယ်လ်တာဗီဂို ဘာစီလိုနာနဲ့ စပိန်လက်ရွေးစင်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြ ဟင်းနရစ်ဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး အပြီးမှာပဲ စပိန် နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ကာ လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေရပါတယ်။ အသင်းဟောင်း ဘာစီလိုနာမှာ ၂၀၁၄-၂၀၁၅ ဘောလုံးရာသီတုန်းက ဖလား (၃)လုံးအထိ ရယူပေးနိုင်ခဲ့တဲ့ ဟင်းနရစ်ကို ချယ်လ်ဆီး စပါးအသင်းတွေက နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် ကြိုးစားခဲ့သေးပေမယ့် အဆင်မပြေခဲ့ပဲ ဟင်းနရစ်ကိုယ်တိုင်ကလည်း သူနဲ့ ပိုမို အဆင်ပြေနိုင်မယ့် ကလပ်အသင်း တစ်သင်းကိုသာ ဆက်လက် ရှာဖွေနေခဲ့ပါတယ်။

အခုတော့ ပီအက်စ်ဂျီ ဥက္ကဌ အယ်လ်ခါလိုင်ဖီ နဲ့ အသင်းအကြံပေး လူးဝစ်ကမ်ပို့စ်တို့က ဟင်းနရစ်ကို သူတို့အသင်းရဲ့ နည်းပြသစ်အဖြစ် တာဝန်ပေးချင်နေပြီး ကလပ်အသင်း တစ်သင်းသင်းကို ကိုင်တွယ်သွားဖို့ ဆန္ဒရှိနေတဲ့ ဟင်းနရစ်ကလည်း ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုကို လက်ခံသွားဖို့လည်း အဆင့်သင့် ရှိနေပါတယ်။