လက်ရှိ ဥရောပရဲ့ တိုက်စစ်ကစားသမားတွေထဲက form အကောင်းဆုံး ဖြစ်နေသူတွေထဲမှာ ဗစ်တာအိုဆင်မန်ကို မဖြစ်မနေ ထည့်သွင်းရပါလိမ့်မယ်။ အိုဆင်မန်ရဲ့ ဒီရာသီ စွမ်းဆောင်ရည်တွေက အသိအမှတ် မပြုလို့ကို မဖြစ်တဲ့ အခြေအနေမှာ ရှိနေပြီး ဒီစွမ်းဆောင်မှုတွေကြောင့်လည်း သူ့ကို မန်ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့က အလိုရှိလာခဲ့ပါတယ်။

Chelsea readying Victor Osimhen transfer bid | thisisfutbol.com

Photo Credit : This is Futbol

အသက် (၂၄)နှစ်အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်ကစားသမားဟာ ဒီရာသီမှာ နာပိုလီကို အီတလီ စီးရီးအေ ချန်ပီယံဖြစ်လာအောင်ရော ချန်ပီယံလိဂ်ပြိုင်ပွဲမှာပါ ကွာတားအထိ တတ်လှမ်းနိုင်အောင်ပါ စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အိုဆင်မန်အ​နေနဲ့ ဒီလို အကောင်းဆုံး performance တွေကို ပြသလာနိုင်ခြင်းရဲ့ ထူးထူးခြားခြား တိုက်ဆိုင်မှုတစ်ခုကလည်း ရှိနေပါတယ်။

Photo Credit : Stretty News

အိုဆင်မန်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလတုန်းက အင်တာမီလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားနေစဉ်အတွင်း အင်တာနောက်ခံလူ မီလန်ရှကရီညာနဲ့ ထိခိုက်မိရင်း ပါးရိုးကျိုးသွားခဲ့တာဖြစ်လို့ မျက်နှာကို ကာကွယ်ဖို့အတွက် မျက်နှာဖုံး(mask) တပ်ဆင်ထားရတာ ဖြစ်ပါတယ်။ ဒီလို mask မတပ်ဆင်ခင်တုန်းက အိုဆင်မန်ဟာ နာပိုလီအတွက် (၄၆)ပွဲအတွင်း(၁၉)ဂိုး သွင်းယူပြီး (၅)ဂိုးသာ ဖန်တီးနိုင်ခဲ့ပေမယ့် mask တပ်ဆင် ကစားခဲ့ရတဲ့ နောက်ပိုင်းမှာတော့ အိုဆင်မန်ဟာ လုံးဝ မထင်မှတ်ထားလောက်အောင် တိုးတတ် ပြောင်းလဲသွားခဲ့ရကာ (၄၅)ပွဲအတွင်း (၃၄)ဂိုး သွင်းယူ (၉)ဂိုး ဖန်တီးပေးလာနိုင်ပါတယ်။

Osimhen bizarrely compared to Spider-Man as stats revealed| All Football

Photo Credit : The Sun

မျက်နှာ ဒဏ်ရာကြောင့် (၁၂)ပွဲနီးပါး လွဲချော်ခဲ့ရပြီးနောက် အိုဆင်မန်ဟာ မျက်နှာကို မထိခိုက်စေဖို့အတွက် မျက်နှာအကာနဲ့ ဆက်ကစားသွားရဖို့ အကြောင်းဖန်လာရင်း သူရဲ့စွမ်းဆောင်ရည်တွေကလည်း သိသိသာသာ တိုးတတ်လာခဲ့ရပါတယ်။ အခုဆိုရင် လိုင်လီ ကစားသမားဟောင်းဟာ ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေဆီမှာ သွားရောက် ကစားဖို့ အခွင့်အလမ်းပါ ရှိနေပြီဖြစ်ပြီး သူရဲ့အနာဂတ် အခြေအနေက ဘာဆက်ဖြစ်မလာလဲဆိုတာကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။