ပြင်သစ်လက်ရွေးစင်အသင်းရဲ့ ဝါရင့် တိုက်စစ်မှူးကြီး အိုလီဗီယာဂျရူးက လက်ရှိ ပြင်သစ်အသင်းရဲ့ အသင်းခေါင်းဆောင်သစ် ဖြစ်လာခဲ့ရသူ ကီလီယန်အမ်ဘာပေနဲ့ ပတ်သတ်ပြီး သူရဲ့ထင်မြင်ချက်တွေကို ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

ပြင်သစ်အသင်း အသင်းခေါင်းဆောင် ဂိုးသမားကြီး ဟူဂိုလိုရစ် ဒဏ်ရာပြသာနာကြောင့် ပြင်သစ်နဲ့ မပူးပေါင်းနိုင်ချိန် အသင်းခေါင်းဆောင်သစ် ရွေးချယ်ဖို့ အကြောင်းဖန်လာခဲ့ရာ အတွေ့အကြုံရင့် ကစားသမားတွေထက် ကြယ်ပွင့်ကစားသမားဖြစ်သူ ဘာပေကိုသာ အသင်းခေါင်းဆောင်အဖြစ် နည်းပြဒေ့ရှောင့်က ရွေးချယ်သွားခဲ့ပါတယ်။ အသက်(၂၄)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဘာပေကို လက်ရွေးစင် အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်မှုနဲ့ ပတ်သတ်ပြီး အမျိုးမျိုး ပြောဆိုနေကြပေမယ့်လည်း ဘာပေရဲ့ စီနီယာ အသင်းဖော်ကြီး ဂျရူးကတော့ ဘာပေကို အသင်းခေါင်းဆောင် တာဝန်ပေးတာနဲ့ ပတ်သတ်ပြီး ထောက်ခံသွားခဲ့ပါတယ်

Photo Credit : Get France Football News

“သူက ခေါင်းဆောင်တစ်ဦးဆိုတာကို ပြသခဲ့တယ်။ အသင်းခေါင်းဆောင် လက်ပတ်က သူ့ကို တာဝန်တွေ ပိုပေးတော့မှာ ဖြစ်ပေမယ့်လည်း ဒါကို သူ နှစ်သက်ပါလိမ့်မယ်။ သူက ဟိုဂို(လိုရစ်)နဲ့ ကွဲပြားနေပါလိမ့်မယ်။ သူက မျိုးဆက်ဟောင်းတွေနဲ့ မျိုးဆက်သစ်တွေရဲ့ကြားမှာ ချိတ်ဆက်ပေးနိုင်သူအဖြစ် ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ကျွန်တော်ကတော့ သူ့ကို ပျော်ရွှ့င်နေစေချင်ပြီး သူရဲ့တာဝန်တွေအတွက်ကိုလည်း လမ်းညွှန်ပေးသွားပါမယ်” လို့ ဂျရူးက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Marca

ပြင်သစ်နည်းပြ ဒေ့ရှောင့်က ဘာပေကို လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ပြီး ဘာပေထက် အတွေ့အကြုံပိုများတဲ့ ဂရစ်ဇ်မန်းကိုတော့ ဒုတိယ အသင်းခေါင်းဆောင်အဖြစ်သာ တာဝန်ပေးခဲ့လို့ ဒီလို လုပ်ဆောင်ချက်တွေအပေါ် ပြင်သစ် ကစားသမားဟောင်းတွေက ဝေဖန်ထားခဲ့ကြပါတယ်။ ပြင်သစ် ကစားသမားဟောင်းကြီး ရောဘတ်ပီရက်စ်ကလည်း ဂရီးဇ်မန်းလို ဒေ့ရှောင့်အတွက် အရေးပါလှတဲ့ ကစားသမားကသာ ပြင်သစ်အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်သင့်တယ်လို့ ထောက်ပြသွားခဲ့ပါတယ်။