နော်တင်ဟမ်ဖောရက်စ်အသင်း အလိုရှိနေတဲ့ ဝါရင့်ဂိုးသမားကြီး ကေလာနာဗက်စ်က သူရဲ့လက်ရှိကလပ် ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်း တစ်သင်းသင်းဆီကို ပြောင်းရွေ့သွားဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

Image

Photo Credit : Twitter

ကော်စတာရီကာ လက်ရွေးစင် ဂိုးသမား နာဗက်စ်ဟာ လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းမှာ ပါဝင်နေရပေမယ့်လည်း အီတလီဂိုးသမား ဒွန်နာရမ်မာရဲ့နောက် back-up ဂိုးသမားအဖြစ်နဲ့သာ ရပ်တည်နေရသလို အသင်းမှာ ပွဲကစားခွင့်တွေပါ ပျောက်ဆုံးနေရပါတယ်။ လက်ရှိမှာ အသက်(၃၆)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ နာဗက်စ်က ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ (၂)ပွဲသာ ပါဝင်ထားရသလို သူရဲ့ စာချုပ်ဟာလည်း ၂၀၂၄ခုနှစ် ဇွန်လမှာပဲ ကုန်ဆုံးသွားတော့မှာ ဖြစ်ပါတယ်။

Forest eyeing Keylor Navas transfer move | thisisfutbol.com

Photo Credit : This is Futbol

ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့ နာဗက်စ်ကို ပရီးမီးယားလိဂ် တန်းတတ်အသင်း နော်တင်ဟမ်ဖောရက်စ်က အငှားနဲ့ ခေါ်ယူသွားဖို့ အတော်လေး စိတ်ဝင်စားနေခဲ့သလို နာဗက်စ်ကိုယ်တိုင်ကလည်း ကစားသမားဘဝ အဆုံးမသတ်ခင်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အတွေ့အကြုံကို ရယူသွားချင်နေတာကြောင့် နော်တင်ဟမ်ရဲ့ စိတ်ဝင်စားမှုကို သဘောကျလျက် ရှိနေပါတယ်။ နော်တင်ဟမ်အသင်းဟာ နွေရာသီမှာကတည်းက အင်္ဂလန် ဂိုးသမား ဒင်းဟန်ဒါဆန်ကို မန်ချက်စတာယူနိုက်တက်အသင်းကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့သလို ဝေးလ်စ် ဂိုးသမားကြီး ဟန်နက်ဆီကိုလည်း အလွတ်နဲ့ ခေါ်ယူထားခဲ့ပေမယ့် ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို (၃)ကြိမ်ထိ ရယူထားခဲ့ဖူးတဲ့ အတွေ့အကြုံ့ရင့် ဂိုးသမားကြီး နာဗက်စ်ကိုတော့ အသင်းဆီ ထပ်မံ ဖြည့်တင်းသွားချင်နေပါတယ်။ အပြောင်းအရွေ့ ဖြစ်ပေါ်လာဖို့ကတော့ နာဗက်စ်ရဲ့ လက်ရှိကလပ် ပီအက်စ်ဂျီအသင်းအပေါ်မှာသာ မူတည်နေတော့ပြီး ဈေးကွက် မပိတ်ခင်လေးမှာ နာဗက်စ်ကို နော်တင်ဟမ်ဆီ အငှားချမချဆိုတာ ဆုံးဖြတ်ရဖွယ် ရှိနေပါတယ်။