အခုနှစ် နွေဈေးကွက်ထဲမှာ ကစားသမားသစ် ခေါ်ယူမှုတွေကို အမြောက်အများ လုပ်ဆောင်လို့နေတဲ့ တန်းတတ် နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အခုလည်း တော့တင်ဟမ်ဟော့စပါးအသင်းမှာ ပုံမှန်ကစားခွင့် ပျောက်ဆုံးနေတဲ့ ဘယ်နောက်ခံကစားသမား ဆာဂျီယိုရယ်ဂီလွန်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ဗြိတိန်နာမည်ကျော် ဂျာနယ်လစ် ဒေးဗစ်အွန်စတိန်းက ဖော်ပြသွားခဲ့ပါတယ်။

Sergio Reguilón: 'We have to build something … something big' | Tottenham  Hotspur | The Guardian

Photo Credit : The Guardian

လက်ရှိမှာ ကစားသမားသစ် (၁၆)ယောက်အထိ ခေါ်ယူထားခဲ့တဲ့ နော်တင်ဟမ်အသင်းဟာ အခုထိလည်း ကစားသမား ခေါ်ယူမှုကို အဆုံးမသတ်သေးပဲ စပါး ဘယ်နောက်ခံလူ ရယ်ဂီလွန်ကိုပါ ပစ်မှတ်ထားလာခဲ့ပါတယ်။ မကြာသေးခင်ကမှ ဘိုင်ယန်မြူးနစ်အသင်းကနေ ခေါ်ယူထားခဲ့တဲ့ ဘယ်နောက်ခံလူ အိုမာရစ်ချက်က ဒဏ်ရာပြသာနာကြောင့် တစ်လနီးပါးလောက် အနားယူရဦးမှာဖြစ်သလို အသင်းရဲ့ left-back မှာလည်း ကစားသမားတစ်ဦးတည်းသာ ရှိနေတဲ့အတွက် အခုလို ဘယ်ခြမ်းခံစစ် ကစားသမား ရယ်ဂီလွန်ကို ခေါ်ယူချင်လာတာဖြစ်ပြီး ဆွေးနွေးမှုတွေပါ လုပ်ဆောင်နေတယ်လို့ ဒေးဗစ်အွန်စတိန်းက သူရဲ့ တွစ်တာစာမျက်နှာပေါ်ကနေ ဖော်ပြလာခဲ့ပါတယ်။

The owner of Tottenham, in Barcelona: To negotiate for Sergio Reguilón?

Photo Credit : FC Barcelona Noticias

အသက်(၂၅)နှစ်အရွယ်ရှိ စပိန်ဘယ်နောက်ခံ ကစားသမား ရယ်ဂီလွန်ဟာ ရီးယဲလ်မက်ဒရစ် လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ရီးယဲလ်အတွက်တော့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ တစ်ရာသီသာပဲ ဖြတ်သန်းခဲ့ပြီး ၂၀၂၀ခုနှစ်မှာပဲ စပါးအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပါတယ်။ စပါးအသင်းမှာ (၂)ရာသီအတွင်း ပွဲပေါင်း (၆၇)ပွဲအထိ ပါဝင်ထားခဲ့ရတဲ့ ရယ်င်္ဂီလွန်ဟာ အခုနှစ် ဘောလုံးရာသီမှာ အသင်းအတွက် တစ်ပွဲမှကို မကစားထားရသေးသလို ဈေးကွက်အတွင်းမှာလည်း အသင်းကနေ ရောင်းချခံရမယ့် ကစားသမားအဖြစ်နဲ့ပါ သတ်မှတ်ခံထားရပါတယ်။ လက်ရှိ စပါးရဲ့ left-back မှာ wing-back ကစားသမားတွေဖြစ်တဲ့ ပါရီဆစ်နဲ့ ဆက်ဆီနွန်တို့ကိုသာ အလှည့်ကျ အသုံးပြုနေတာဖြစ်ပြီး ရယ်ဂီလွန်ကို နေရာပေးဖို့ ဆန္ဒမရှိတော့ပဲ ရောင်းထုတ်သွားဖွယ်သာ ရှိနေတဲ့အတွက် ဒီအခြေအနေကို နော်တင်ဟမ်အသင်းဘက်က စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ The Athletic ရဲ့ အထင်ကရ ဂျာနယ်လစ် အွန်စတိန်းရဲ့ဖော်ပြချက်အရ နော်တင်ဟမ်ဟာ ရယ်ဂီလွန်ကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် စပါးအသင်းနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေတယ်လို့ သိရပါတယ်။ ဒင်းဟန်ဒါဆန် ဂျက်ဆီလင်ဂတ် မော်ဂန်ဂစ်ဘ်စ်ဝှိုက် နီကိုဝီလီယံစ် ဖရူလာ အန်ဝိုနီယီ အီမန်နူရယ်ဒန်းနစ်တို့လို ခေါ်ယူထားခဲ့တဲ့ နော်တင်ဟမ်အသင်းဟာ နွေဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုအတွက် အသုံးစရိတ်ပေါင်း ယူရို(၁၄၈)သန်းအထိ အသုံးပြုထားခဲ့ပြီး အခုလည်း ရယ်င်္ဂီလွန်ကို ထပ်မံ ခေါ်ယူဖို့ပါ ထပ်မံ ကြိုးပမ်းနေပါတယ်။