ချဲလ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဂိုလိုကန်တေဟာ တံကောက်ကြောဒဏ်ရာ ပြသာနာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို များစွာ လွဲချော်ထားခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ ကန်တေအနေနဲ့ လေ့ကျင့်ခန်းတွေ စတင် လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သလို မကြာခင်မှာပဲ ပြန်လည် ကစားပေးနိုင်ဖွယ်ပါ ရှိနေပါတယ်။

Photo Credit : We Ain’t Got Not History

အသက်(၃၁)နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ကန်တေဟာ သူရဲ့ဒဏ်ရာပြသာနာတွေကြောင့် သြဂုတ်လကုန်ပိုင်းကတည်းက အနားယူနေရတာဖြစ်ပြီး ပြိုင်ပွဲစုံ ပွဲပေါင်း(၃၁)ပွဲအထိ လွဲချော်ထားခဲ့ရပါတယ်။ ကန်တေဟာ ချဲလ်ဆီးရဲ့ ကွင်းလယ်မှာ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခင်စဉ်တုန်းကလည်း အသင်းအတွက် အတော်လေး ခြေစွမ်းပြသနိုင်ခဲ့သလို ပွဲတိုင်းမှာပါ ကြိုးစား အားထုတ် ကစားတတ်သူလည်း ဖြစ်ပါတယ်။

Caught on camera: N'Golo Kante finally returns to first-team training - Football | Tribuna.com

Photo Credit : Tribuna

အခုလို အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးက အခုဆိုရင် တံကောက်ကြောဒဏ်ရာကနေ သက်သာ ကောင်းမွန်လာပြီဖြစ်လို့ အသင်းဖော်တွေနဲ့အတူ သွေးပူ လေ့ကျင့်ခန်းတွေဆင်းရင်း full training ပါ ဆင်းနေနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၃ခုနှစ် ဇွန်လမှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မဲ့ ကန်တေကို ချဲလ်ဆီးအသင်းဘက်က စာချုပ်သက်တမ်း တိုးမြှင့်သွားဖို့ လုပ်ဆောင်လျက် ရှိနေပြီး စာချုပ်ကိစ္စ ဆွေးနွေးမှုတွေဟာလည်း အခြေအနေကောင်းတစ်ရပ်မှာ ရှိနေပါတယ်။

Image

Photo Credit : Twitter

ဒီအခြေအနေတွေကြောင့် မကြာခင်မှာပဲ ကန်တေကို မြက်ခင်းစိမ်းပေါ်မှာ ပြန်လည် မြင်တွေ့ရတော့မှာ ဖြစ်သလို တကယ်လို့ စာချုပ်သက်တမ်းသာ တိုးမြှင့်ခဲ့မယ်ဆိုရင်လည်း ကန်တေကို ချဲလ်ဆီး ဂျာစီနဲ့ နောက်ထပ် နှစ်အနည်းငယ်လောက်အထိပါ မြင်တွေ့ရနိုင်ပါတယ်။ ကန်တေကိုယ်တိုင်ကလည်း ချဲလ်ဆီးအသင်းနဲ့ ဆက်လက် လက်တွဲချင်နေတာကြောင့် ကန်တေက ရလဒ်တွေ မဟန်လှတဲ့ ဂရေဟမ်ပေါ်တာရဲ့ ချဲလ်ဆီးအသင်းအတွက် ဖြေဆေးတစ်ခု ဖြစ်လာနိုင်ပါတယ်။