ဒီနွေမှာ ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲဖွယ် ရှိနေတဲ့ တိုက်စစ် ကစားသမား နေမာဟာ အသင်းဟောင်း ဘာစီလိုနာကို ပြန်ဖို့ ရှိနေသလို ချယ်လ်ဆီးအသင်းနဲ့လည်း ဆွေးနွေးမှုတွေ ရှိနေသေးတယ်လို့ RMC Sports ကနေ ဖော်ပြထားခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းက ပေါ်တူဂီ တိုက်စစ်မှူး ရာမို့စ်ကို မခေါ်ယူခင်မှာပဲ အသင်းရဲ့ အဓိက ကစားသမား နေမာက အသင်းနဲ့ လမ်းခွဲလိုတယ်လိုကြောင်း အသင်းတာဝန်ရှိသူထံ အကြောင်းကြားထားခဲ့တယ်ဆိုပြီး ပြင်သစ် မီဒီယာတွေကနေ သတင်းဖော်ပြလာခဲ့ပါတယ်။
Photo Credit : Twitter
နေမာရဲ့ အေးဂျင့်ဖြစ်သူ ဇဟာဗီက သူ့ကစားသမားကို အသင်းဟောင်း ဘာစီလိုနာအသင်းဆီ အငှားနဲ့ ပြန်လည် ပို့ဆောင်ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်လျက် ရှိနေပေမယ့်လည်း ဘာစီလိုနာ နည်းပြ ဇာဗီက နေမာကို ခေါ်ယူဖို့ ဆန္ဒမရှိပဲ ဖြစ်လို့နေပါတယ်။
ဒီအချိန်မှာ RMC Sports ကနေ အချိန်ကိုက် ဖော်ပြလာတဲ့ သတင်းတွေမှာတော့ နေမာရဲ့ ကိုယ်စားလှယ် အဖွဲ့တွေဟာ ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးမှုတွေကို ဘယ်တော့မှ ရပ်တန့်ထားခြင်း မရှိပဲ ဆက်လက် ဆွေးနွေးနေဆဲ ရှိနေတယ်လို့ ဖော်ပြထားခဲ့ပါတယ်။
Photo Credit : Bola Kompass
ဒါကြောင့် တကယ်လို့သာ နေမာက ဘာစီလိုနာအသင်းဆီ ပြန်သွားလို့ မဖြစ်ခဲ့လာဘူးဆိုရင် သူနဲ့ ပီအက်စ်ဂျီမှာ လက်တွဲခဲ့ဖူးတဲ့ နည်းပြ ပိုချက်တီနိုရဲ့ ချယ်လ်ဆီးအသင်းဆီများ ရောက်လာနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေရပါတယ်။
တကယ်တော့ နေမာက ပီအက်စ်ဂျီနဲ့ မကြာသေးခင်ကမှ သက်တမ်းတိုးထားသလို မက်ဆီ ဘာပေ အခြေအနေတွေကြားမှာလည်း ပီအက်စ်ဂျီမှာပဲ ဆက်ရှိနေမယ်လို့ ပြောဆိုထားခဲ့ပေမယ့် ကစားသမားတွေအပေါ် အသင်း တာဝန်ရှိသူတွေရဲ့ ဆက်ဆံပုံကို သဘောမကျတာကြောင့် အခုလို စိတ်ပြောင်းသွားရတာ ဖြစ်ပါတယ်။