အင်တာမီလန်အသင်းက နယူးကာဆယ်အသင်းရဲ့ တတိယ ဦးစားပေး ဂိုးသမား ကာရီးယပ်စ်ကို အံ့အားသင့်စဖွယ် စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာခဲ့ပြီး လာမဲ့ အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ ခေါ်ယူသွားဖွယ်လည်း ရှိနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Goal

အသက်(၂၉)နှစ်အရွယ်ရှိ ဂိုးသမား ကာရီးယပ်စ်ဟာ လီဗာပူးလ် ဂိုးသမားအဖြစ် ပါဝင်ကစားခဲ့စဉ်တုန်းက ချန်ပီယံလိဂ်ဖိုင်နယ်မှာ သူရဲ့ လက်စွမ်းပိုင်း မတည်ငြိမ်မှုတွေ အမှားအယွင်းတွေကြောင့် ဂိုးတွေ အလွယ်တကူ ခွင့်ပြုခဲ့ရပြီး လီဗာပူးလ်လည်း သူ့အမှားတွေကြောင့် ချန်ပီယံလိဂ်ဖလားကြီးနဲ့ လွဲချော်ခဲ့ရပါတယ်။

Loris Karius returns to Premier League with Newcastle | Newcastle United |  The Guardian

Photo Credit : The Guardian

(၂)နှစ်နီးပါးလောက်အထိ competitive ပွဲစဉ်တွေ ဝင်ရောက် ယှဉ်ပြိုင်ရခြင်း မရှိခဲ့ရတဲ့ ဂိုးသမား ကာရီးယပ်စ်ဟာ နယူးကာဆယ်ရဲ့ ပင်တိုင်ဂိုးသမား နစ်ပုတ်ဒ် အနီကတ်ကြောင့် ပွဲပယ်ခံနေရချိန် အရန် ဂိုးသမား ဒူဗရက်ကာ cup-tied မိနေချိန် မန်ယူနိုက်တက်အသင်းနဲ့ ကာရာဘောင်း လိဂ်ဖလား ဖိုင်နယ်ပွဲစဉ်မှာ ပါဝင်ကစားရဖို့ အကြောင်းဖန်လာခဲ့ပြီး (၂)နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပါဝင်ခွင့် ရရှိခဲ့ပါတယ်။

Inter Milan are interested in signing Loris Karius with his contract expiring in the summer

Photo Credit : The Sun

အခုတော့ ကာရီးယပ်စ်ကို စီးရီးအေ ထိပ်သီးကလပ်အသင်းကြီး အင်တာမီလန်က ခေါ်ယူသွားဖို့ စိတ်ဝင်တစား ရှိနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။ အင်တာမီလန်က အသင်းမှာ ဂိုးသမား အိုနာနာကို တောက်လျှောက် အသုံးပြုနေလျက် ရှိနေပေမဲ့လည်း အသင်းရဲ့ အရန် ဂိုးသမားကြီး ဟန်ဒါနိုဗစ်က လာမဲ့နွေမှာ ကစားသမားဘဝကနေ အနားယူသွားဖို့ အစီအစဉ် ရှိနေတာကြောင့် ဟန်ဒါနိုဗစ်နေရာမှာ ကာရီးယပ်စ်နဲ့ အစားထိုးဖို့အတွက် ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။ ကာရီးယပ်စ်ကလည်း လာမဲ့နွေမှာ နယူးကာဆယ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အင်တာအသင်းကသာ ဒီ ဂျာမန် ဂိုးသမားကို ခေါ်ယူချင်တယ်ဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။ လက်ရှိမှာ ကာရီးယပ်စ်ရဲ့ ချစ်သူကလည်း အီတလီ နိုင်ငံသူ ဖြစ်နေတဲ့အပြင် သူမဟာလည်း DAZN ရုပ်သံရဲ့ စီးရီးအေအကြောင်း တင်ဆက်သူအဖြစ် လုပ်ကိုင်နေတာဖြစ်လို့ ကာရီးယပ်စ်အနေနဲ့ စီးရီးအေပြိုင်ပွဲဆီ ရောက်လာနိုင်မလားဆိုတာ စောင့်ကြည့်ရပါမယ်။