မနေ့ညက အိမရိတ်စ်ကွင်းမှာ ကစားသွားခဲ့တဲ့ အာဆင်နယ် နဲ့ လီဗာပူးလ်အသင်းတို့ ပွဲစဉ်ထဲ အိမ်ရှင်အာဆင်နယ်က ဆာကာ မာတင်နယ်လီ ထရိုဆက်ဒ်တို့ရဲ့ ဂိုးတွေနဲ့ လီဗာပူးလ်ကို (၃)ဂိုး (၁)ဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် (၂) နေရာအထိပါ တက်လှမ်းနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမွာ လီဗာပူးလ်အသင်းနဲ့ (၃)ကြိမ်အထိ တွေ့ဆုံထားခဲ့ပြီး ပထမတစ်ကြိမ်က သရေကျခဲ့သလို ဒုတိယအကြိမ် အက်ဖ်အေဖလားမှာ ဆုံတွေ့ချိန်မှာလည်း လီဗာပူးလ်က အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် အခု တတိယအကြိမ် တွေ့ဆုံမှုမှာတော့ အာဆင်နယ်က အက်ဖ်အေဖလား ရှုံးကြွေးပါ ပြန်ဆပ်နိုင်ခဲ့ပြီး အဖိုးတန်နိုင်ပွဲကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

Photo Credit : Sky Sports

ပွဲအပြီးမှာတော့ အာဆင်နယ်အသင်းက အတော်လေးကို မြူးတူးအောင်ပွဲခံနေတာကြောင့် ဒီလိုအောင်ပွဲခံနေမှုကို အဂ်လန်နိုင်ငံရဲ့ နာမည်ကြီး ဘောလုံး pundits တွေက အပီအပြင် ဝေဖန်ခဲ့ကြပါတယ်။ ဒီထဲမွာ မန္ခ်က္စတာ ယူနိုက်တက် ကစားသမားဟောင်းကြီး ဂယ်ရီ နဗီးလ်ပါ အပါအဝင်ဖြစ်ပြီး အာဆင်နယ်ရဲ့ အောင်ပွဲခံပုံက မရင့်ကျက်သလိုပဲလို့ မှတ်ချက်ပြုကာ ဝေဖန်သွားခဲ့ပါတယ်။

“ကျွန်တော့်အမြင်ရဆိုရင်တော့ သူတို့အသင်းရဲ့ အောင်ပွဲခံမှုတွေမှာ မရင့်ကျက်တာတွေ နည်းနည်းလောက် ပါဝင်နေသေးတယ်လို့ ကျွန်တော် ထင်မြင်နေမိပါတယ်။ ဒါက ဘာနဲ့တူနေလဲဆိုတော့ သူတို့က (၈)မှတ်အဖြတ်မခံရတော့လို့ စိတ်သက်သာရာရပြီး အောင်ပွဲခံနေတာနဲ့တောင် ပိုတူနေပါတယ်။” လို့ နဗီးလ်က ဝေဖန်သွားခဲ့ပါတယ်။

Shots fired' - Fans laugh at cheeky Gary Neville response to Arsenal fan  after Newcastle defeat | talkSPORT

Photo Credit : talkSPORT

ဒါ့အပြင် နဗီးလ်က အာဆင်နယ်အသင်းဟာ သူတို့ကိုယ်သူတို့ ချန်ပီယံ ဖြစ်နိုင်တဲ့ အသင်းတစ်သင်းလို့ မထင်ကြသေးပဲ အမှတ်ပေး ချန်ပီယံတိုက်ပွဲကနေ မထွက်ခွာချင်သေးလို့ နိုင်ပွဲရပြီး စိတ်သက်သာရာရနေတဲ့ ပုံစံမျိုးနဲ့ ပိုတူနေတယ်လို့ပါ မှတ်ချက်ပေးသွားခဲ့ပါသေးတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာတော့ အမှတ်ပေးဇယားထိပ်က လီဗာပူးလ်နဲ့ (၂)မှတ် ကွာဟလို့နေပြီး တတိယနေရာက မန်စီးတီးအသင်းကို (၃)မှတ်အသာရထားပါတယ်။ ဒါပေမယ့်လည်း မန်စီးတီးကတော့ လီဗာပူးလ် အာဆင်နယ်တို့ထက် (၂)ပွဲလျော့နေတာကြောင့် အဲ့ဒီ (၂)ပွဲလုံး အနိုင်ရလိုက်တာနဲ့ ဇယားထိပ်ဆီ ပြန်လည် တက်လှမ်းသွားနိုင်မှာပဲ ဖြစ်ပါတယ်။