မန်ချက်စတာယူနိုက်တက်အသင်းဟာ အေဂျက်စ်နည်းပြဟောင်း အဲရစ်တန်ဟက်ဂ်ကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ပြီးနောက်ပိုင်းမှာ အေဂျက်စ်က ကစားသမားတွေကိုပဲ ခေါ်ယူသွားနိုင်ဖို့ ဦးစားပေး ကြိုးပမ်းလျက် ရှိနေရာ အခုလည်း အသင်းရဲ့ ခံစစ်ပိုင်းအတွက် အေဂျက်စ်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀) (အပိုဆုကြေးပါ အပါအဝင်)နဲ့ ထပ်မံကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။

Lisandro Martinez: Man Utd and Arsenal transfer target has shone for Ajax and offers brains, brawn and versatility | Football News | Sky Sports

Photo Credit : Sky Sports

ယူနိုက်တက်အသင်းဟာ အခုနှစ် နွေရာသီမှာ ဖီယင်နုအသင်းရဲ့ နယ်သာလန် ဘယ်နောက်ခံကစားသမားလေး မာလာစီယာ တစ်ဦးတည်းကိုသာ ခေါ်ယူထားနိုင်ခဲ့တာဖြစ်ပြီး အသင်းရဲ့ အဓိကပစ်မှတ် ဖရန်ကီဒီယောင်းကို ခေါ်ယူနိုင်ရေးနဲ့ အတော်လေး လုံးပန်းနေဆဲ ဖြစ်သလို လက်ရှိအချိန်မှာလည်း ချယ်လ်ဆီးအသင်းပါ ဒီယောင်းအပြောင်းအရွှေ့ထဲ ပါဝင်လာပြီဖြစ်လို့ ယူနိုက်တက်က ဒီယောင်းထက် အသင်းဆီ ခပ်မြန်မြန် ရောက်လာနိုင်မယ့် မာတီနက်ဇ်ဘက်ကို ပစ်မှတ်ထားလာခဲ့တာ ဖြစ်ပါတယ်။ ဒီယောင်းအပြောင်းအရွှေ့မှာ ဘာစီလိုနာဘက်ကရော ဒီယောင်းဘက်ကပါ မရောမရာတဲ့ အခြေအနေမျိုး ဖြစ်နေပေမယ့် မာတီနက်ဇ်ကတော့ သူကိုယ်တိုင် ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ချင်နေတာဖြစ်လို့ အေဂျက်စ် အလိုရှိနေတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့သာ ကမ်းလှမ်းမယ်ဆိုရင် မာတီနက်ဇ်ကို ရရှိနိုင်ဖွယ် ရှိနေပါတယ်။

Arsenal Submit Improved Second Bid for Lisandro Martinez

Photo Credit : Pain in the Arsenal

ဒါကြောင့်ပဲ ယူနိုက်တက်ဘက်က မာတီနက်ဇ်အတွက် နောက်ထပ် ကမ်းလှမ်းမှုတစ်ရပ်အနေနဲ့ ယူရိုသန်း(၅၀) (အပိုဆုကြေး အပါအဝင်)နဲ့ ထပ်မံကမ်းလှမ်းခဲ့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်က အသင်းအပြောင်းလဲ လုပ်ဆောင်သွားဖို့ စိတ်အားထက်သန်နေတာကြောင့် အေဂျက်စ်ဘက်က ဒီကမ်းလှမ်းမှု လက်ခံသွားနိုင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့် မာတီနက်ဇ်ကို ယူနိုက်တက်နဲ့အပြိုင် အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားနေတာဖြစ်လို့ လုံးဝလက်မလျှော့ပဲ ကမ်းလှမ်းမှုတွေကို ထပ်မံလုပ်ဆောင်လာဖို့ ရှိနေတယ်ဆိုပေမယ့်လည်း အာဆင်နယ်မှာက center-back နေရာအတွက် ဘင်ဝှိုက် ဂါဘရီရယ် ဆလီဘာ ဟိုးဒင်းတို့လို ကစားသမားတွေ ရှိနေတာကြောင့် တကယ်လိုအပ်နေတဲ့ ကွင်းလယ်နေရာအတွက်ကိုသာ ပိုမိုရင်းနှီးမြှပ်နှံဖွယ်ရှိလို့ လတ်တလော အခြေအနေတွေအရ ယူနိုက်တက်ကသာ မာတီနက်ဇ်ကို ခေါ်ယူနိုင်မယ့် အနေအထားမျိုး ဖြစ်နေပါတယ်။ ဒါ့အပြင် အသင်းနဲ့ သဘောတူညီမှု ရရှိထားခဲ့ပြီလို့ သတင်းထွက်နေတဲ့ အဲရစ်ဆင်ဟာလည်း ယူနိုက်တက်ရဲ့ သြစတြေးလျနိုင်ငံ pre-season tour ကို လာရောက် ပူးပေါင်းနိုင်ဖွယ် ရှိနေပါတယ်။