ဆာဘီးယား ဝါရင့် ကစားသမားကြီးဖြစ်တဲ့ ကွင်းလယ်လူ နီမန်ဂျာ မာတစ်က လက်ရှိမှာ ရန်းစ်အသင်းကနေ လီဂူးကလပ် လိုင်ယွန်အသင်းဆီ ထပ်မံ ပြောင်းရွှေ့သွားဖို့အတွက် သဘောတူညီလိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ချယ်လ်ဆီး မန်ချက်စတာ ယူနိုက်တက်အသင်းတို့မှာ ကစားသမားဘဝ အချိန်တော်တော်များများကို ဖြတ်သန်းခဲ့တဲ့ မာတစ်ဟာ ပရီးမီးယားလိဂ်ကနေ ထွက်ခွာသွားချိန်မှာတော့ ရိုးမား နဲ့ ရန်းစ်အသင်းတွေဆီ ဆက်လက် ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : The Busby Babe

အသက် (၃၅)နှစ်အရွယ် ဆာဘီးယား ဝါရင့် ကစားသမားကြီး မာတစ်က ဒီနွေမှာ ရိုးမားအသင်းကနေ ရန်းစ်အသင်းဆီကို ယူရို (၃)သန်းတည်းနဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး ၂၀၂၅ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် လက်ရှိမှာတော့ မာတစ်က ရန်းစ်အသင်းမှာ မပျော်မရွှင် ဖြစ်နေပါတယ်။

မာတစ်က ရန်းစ်အသင်းမှာ တောက်လျှောက် ပါဝင်ကစားနေရပေမယ့် ဒီနောက်ပိုင်း ပွဲစဉ်တချို့မှာ ရန်းစ်ဘက်က မာတစ်ကို ကစားခွင့် သိပ်မပေးတော့ပဲ မာတစ်ကိုယ်တိုင်ကလည်း ရန်းစ်အသင်းကနေ ချက်ချင်း ထွက်ခွာသွားချင်နေပါတယ်။

Photo Credit : :L’Equipe

ဒီအခြေအနေမှာ မာတစ်ကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက ခေါ်ယူသွားဖို့ ချိတ်ဆက်မှုတွေ ရှိနေပေမယ့် မာတစ်ကိုယ်တိုင်ကတော့ သူ့ကို စိတ်ဝင်စားတဲ့ အသင်းတွေထဲကမှ လိုင်ယွန်ကိုသာ ရွေးချယ်သွားဖို့ ဆန္ဒရှိနေပါတယ်။

ပြင်သစ်မြေကို ရောက်ရှိခါစသာ ရှိနေသေးတဲ့ မာတစ်က အသင်းပြောင်းမယ်ဆိုရင်လည်း ပြင်သစ် ကလပ်အသင်းဆီသာ ပြောင်းရွှေ့ချင်နေတာကြောင့် လိုင်ယွန်ဆီသာ ပြောင်းရွှေ့ချင်နေပြီး အခုလည်း ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုပါ ရယူထားနိုင်ခဲ့တယ်လို့ ပြင်သစ် အခြေစိုက် RMC Sport ကနေ ဖော်ပြသွားခဲ့ပါတယ်။