ဒီနေ့ညမှာ ကျင်းပသွားမယ့် ပွဲစဉ်တွေအထဲကမှ မျှတမှုရှိတဲ့ ပြိုင်ဘက်တွေချင်း ဆုံတွေ့မယ့်ပွဲစဉ်ဖြစ်သော မက္ကဆီကိုအသင်းနဲ့ ပိုလန်အသင်းတို့ ပွဲစဉ်အတွက် ပွဲကြိုသုံးသပ်ချက်တွေကို ဖော်ပြပေးသွားချင်ပါတယ်။ ဒီပွဲကိုတော့ ည(၁၀)နာရီခွဲတွင် ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။

Mexico vs Poland Odds, Prediction & Best Bet for 2022 World Cup (Group C  Matchup Almost Too Close to Call)

Photo Credit : FanDuel

ဘာစီလိုနာ အာဂျင်တီးနားတို့ရဲ့ နည်းပြဟောင်း မာတီနို ကိုင်တွယ်နေတဲ့ မက္ကဆီကိုအသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၉၄ခုနှစ်ကနေ အခု ၂၀၂၂အထိ (၈)ကြိမ်ဆက်တိုက် ပါဝင်ခဲ့ရတဲ့ အသင်းဖြစ်သလို (၈)ကြိမ်လုံးမှာလည်း အုပ်စုအဆင့်ကနေ တတ်မြောက်နိုင်ခဲ့ပါတယ်။ အခု ပိုလန်နဲ့ ကစားရမယ့် အဖွင့်ပွဲဟာလည်း မက္ကဆီကိုအတွက် ရလဒ်ကောင်းတစ်ခု မဖြစ်မနေ ယူဆောင်ထားဖို့ လိုအပ်မယ့် ပွဲစဉ်လည်း ဖြစ်နေပါလိမ့်မယ်။

Preview: Mexico vs. Poland - prediction, team news, lineups - Sports Mole

Photo Credit : SportsMole

လီဝန်ဒေါစကီးရဲ့ ပိုလန်အသင်းကတော့ ကမ္ဘာ့ဖလားကို (၈)ကြိမ်သာ ပါဝင်ထားခဲ့ရပြီး နောက်ဆုံး ကျင်းပခဲ့တဲ့ ၂၀၁၈ခုနှစ်မှာလည်း ဆင်နွဲခွင့် ရရှိထားပါတယ်။ နောက်ဆုံး(၃)ကြိမ် ကမ္ဘာ့ဖလား ပါဝင်ထားခဲ့ရတုန်းက အုပ်စုအဆင့်တွေနဲ့သာ ကျေနပ်ထားခဲ့ရတဲ့ ပိုလန်အသင်းဟာ မက္ကဆီကိုထက် ကမ္ဘာ့ဖလား အတွေ့အကြုံလည်း နည်းပါးသလို အသင်းရဲ့အဓိက ကစားသမားကြီး လီဝန်ဟာလည်း ပြီးခဲ့တဲ့ ရုရှားကမ္ဘာ့ဖလားမှာ အုပ်စု(၃)ပွဲလုံး ဂိုးပေါက်ပျောက်ထားခဲ့ရပါတယ်။

Mexico vs Poland: Kick-off time, TV channel, live stream free and team news  for World Cup 2022 match | The Sun

Photo Credit : The Sun

မက္ကဆီကိုရော ပိုလန်ရော အရည်အသွေးမြင့်မားတဲ့ ကစားသမားကောင်းတွေကိုယ်စီ ပိုင်ဆိုင်ထားကြတဲ့ အသင်းတွေဖြစ်လို့ ဒီနှစ်သင်း ဆုံတွေ့မှုက မျှတတယ်လို့ ယူဆနိုင်ပေမယ့် အတွေ့အကြုံပိုင်းမှာတော့ မက္ကဆီကိုက သာလွန်နေသလို (၈)ကြိမ်ဆက်တိုက်အထိ အုပ်စုကနေ ကျော်လွန်ထားနိုင်ခဲ့တဲ့ အခြေအနေတွေကြောင့် မက္ကဆီကို အသာရနိုင်ဖွယ် ရှိပါတယ်။ ဒီပွဲက နှစ်သင်းလုံးအတွက် အုပ်စုတတ်ဖို့ အရေးပါတဲ့ ပွဲစဉ်ဖြစ်တာကြောင့် အကြိတ်အနယ် ရှိနိုင်ပြီး သရေလည်း ကျနိုင်သလို မက္ကဆီကိုက ကပ်နိုင်သွားဖွယ်လည်း ရှိပါတယ်။