မန်ချက်စတာယူနိုက်တက်အသင်းဟာ နယ်သာလန် တိုက်စစ်ကစားသမား ဗက်ဟို့စ်ကို ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူသွားဖို့အတွက် နှုတ်အားနဲ့ အပြည့်အဝ သဘောတူညီမှု ရရှိထားခဲ့ပြီးပြီဖြစ်ကြောင်း နာမည်ကြီး ဘောလုံးသတင်းထောက် ဖာဘရီဇီယိုရိုမာနိုက သူရဲ့ တွစ်တာစာမျက်နှာကနေ ဖော်ပြလာခဲ့ပါတယ်။

Image

Photo Credit : Twitter

ဆောင်းဈေးကွက်အတွင်း တိုက်စစ်ကစားသမားတစ်ဦး ရှာဖွေနေတဲ့ ယူနိုက်တက်အသင်းဟာ လတ်တလောမှာ ဘန်လေအသင်းရဲ့ နယ်သာလန် တိုက်စစ်မှူး ဗက်ဟို့စ်ကို ခေါ်ယူသွားချင်နေရာ ဗက်ဟို့စ်က ဘန်လေမှာသာ ကစားနေတာဆိုရင် အလွယ်တကူ ခေါ်ယူနိုင်မှာ ဖြစ်ပေမဲ့လည်း ဗက်ဟို့စ်ကို ဘန်လေက တူရကီကလပ် ဘက်ဆစ်တပ်အသင်းမှာ တစ်ရာသီ အငှားချထားတာဖြစ်လို့ အပြောင်းအရွှေ့ အထမြောက်ဖို့အတွက် ဘန်လေနဲ့ ဘက်ဆစ်တပ်တို့ကြားမှာပါ ကစားသမားရဲ့ အငှားစာချုပ် ဖျက်သိမ်းဖို့ ကိစ္စတွေနဲ့ ကြန့်ကြာမှုတွေလည်း အနည်းငယ် ရှိလာနိုင်ပါတယ်။

Image

Photo Credit : Twitter

ဗက်ဟို့စ်ကိုယ်တိုင်ကတော့ ယူနိုက်တက်အသင်း သူ့ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ် ဆိုကတည်းက ယူနိုက်တက်အသင်းဆီ ပြောင်းရွေ့ဖို့ စိတ်အားထက်သန်နေသလို ယူနိုက်တက်ဘက်ကလည်း ဗက်ဟို့စ်ရဲ့ အငှားစာချုပ် ဖျက်သိမ်းကြေးအဖြစ် ဘက်ဆစ်တပ်ကို ယူရို(၃)သန်း ပေးချေသွားဖို့ပါ ရှိနေသည့်တိုင် ဘက်ဆစ်တပ်က ဗက်ဟို့စ်နေရာမှာ အစားထိုး ဝင်ရောက်နိုင်မယ့် ကစားသမားတစ်ဦး တွေ့ရှိမှသာ ဗက်ဟို့စ်ကို လက်လွတ်ပေးနိုင်မယ်ဆိုတဲ့ အချက်ကြောင့် အပြောင်းအရွှေ့က ကြန့်ကြာသွားရနိုင်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်လ်ဒိုကို စာချုပ်ဖျက်သိမ်းခဲ့တဲ့ ယူနိုက်တက်အသင်းဟာ တိုက်စစ်မှာ ကစားသမားတစ်ဦး ပြန်လည် ဖြည့်တင်းဖို့ လိုအပ်လာခဲ့တာကြောင့် ဂက်ပို ဂျာအိုဖေးလစ်တို့ကို ပစ်မှတ်ထားခဲ့ပေမယ့်လည်း ပြိုင်ဘက်အသင်းက လက်ဦးမှု ရယူပြီး ခေါ်ယူနိုင်ခဲ့တာကြောင့် အခုလို ဗက်ဟို့စ်ကိုသာ ချိန်ရွယ်လာခဲ့ရတာ ဖြစ်ပါတယ်။ အသင်းပိုင်ရှင်တွေကလည်း ဆောင်းဈေးကွက်ထဲမှာ ငွေသိပ်မသုံးမလိုတော့တာကြောင့် အငှားခေါ်ယူမှုသာ ပြုလုပ်ရမှာဖြစ်ပြီး ဂိုးသမား ဂျက်ဘတ်လန်းကိုလည်း ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ရာသီကုန်အထိ အငှားနဲ့ ခေါ်ယူထားခဲ့ရပါသေးတယ်။