မန်ချက်စတာယူနိုက်တက်အသင်းဟာ အတ္တလန်တာအသင်းရဲ့ ဒိန်းမတ် တိုက်စစ်ကစားသမားလေး ဟွိုက်လန်းကို အသင်းဆီ အရ ခေါ်ယူသွားနိုင်ဖို့အတွက် အတ္တလန်တာ ကစားသမားဟောင်းလေး အာမတ်ဒီယဲလ်လိုကိုပါ အသုံးပြုသွားဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။

မန်ယူနိုက်တက်အသင်းဟာ တိုက်စစ်ပိုင်းအတွက် အထောင် တိုက်စစ် ကစားသမားတစ်ဦးကို မဖြစ်မနေ ခေါ်ယူရဖို့ ရှိနေပြီး သူတို့အသင်း တကယ် ခေါ်ယူချင်နေတဲ့ ကစားသမားတွေဟာလည်း ပြောင်းရွှေ့ကြေး သန်း (၁၀၀)တွေ ဖြစ်နေတာကြောင့် ခေါ်ယူဖို့က ခဲယဉ်းနေရပါတယ်။ ဒီနောက်ပိုင်း အသင်းနဲ့ သတင်းထွက်နေတဲ့ ဟွိုက်လန်းကိုတောင် အတ္တလန်တာဘက်က တန်ကြေး ယူရို သန်း(၁၀၀)လောက် သတ်မှတ်ချင်နေတာကြောင့် ယူနိုက်တက်အနေနဲ့ နောက်ထပ် option တစ်ခုနဲ့ ဟွိုက်လန်းကို ကမ်းလှမ်းသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။

Photo Credit : Eurosport

ယူနိုက်တက်က ဟွိုက်လန်းအတွက် ပြောင်းရွှေ့ကြေးတချို့အပြင် အတ္တလန်တာကနေ ခေါ်ယူထားတဲ့ တောင်ပံကစားသမားလေး အာမတ်ကိုပါ တစ်ရာသီ ဒါမှမဟုတ် နှစ်ရာသီလောက် အငှားချပေးသွားမယ့် option မျိုးနဲ့ ထပ်မံ ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။ အသက် (၂၀)အရွယ်သာ ရှိနေသေးတဲ့ အိုင်ဗရီကို့စ် တောင်ပံ ကစားသမား အာမတ်က ၂၀၂၁ခုနှစ်ကမှ အတ္တလန်တာကနေ ယူနိုက်တက်အသင်းဆီကို (၅)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရကာ ရိန်းဂျားစ် ဆန်းဒါးလန်းအသင်းတို့ဆီ အငှားနဲ့ သွားကစားခဲ့ရပါသေးတယ်။

Man United 'could tempt Atalanta into selling Rasmus Hojlund by offering  young forward on loan' | Daily Mail Online

Photo Credit : Daily Mail

ပြီးခဲ့တဲ့ရာသီက ဆန်းဒါးလန်းမှာ ခြေစွမ်းပြခဲ့တဲ့ အာမတ်ဟာ လာမယ့်ရာသီ ယူနိုက်တက်မှာ နေရာရဖို့က မလွယ်သေးပဲ နည်းပြတန်ဟက်ဂ်ကပါ သူ့ကို ကစားခွင့် ပိုရဖို့အတွက် အငှား ထပ်မံ ချထားလိုတာကြောင့် ဟွိုက်လန်းအတွက် ကမ်းလှမ်းမှုမှာ အာမတ်ကိုပါ ကာလရှည် အငှားနဲ့ ထည့်သွင်း ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။