မန်ချက်စတာစီးတီးအသင်းက လာမယ့် နွေဈေးကွက်ထဲမှာ အသင်းရဲ့ နောက်ခံအစွန်လူ ဂျာအိုကန်ဆယ်လိုကို ရောင်းချသွားဖို့ ကန်ဆယ်လိုရဲ့ လက်ရှိ တန်ကြေးကိုပါ လျှော့ချပေးသွားဖို့ပါ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Goal

ပေါ်တူဂီ လက်ရွေးစင် ညာနောက်ခံလူ ကန်ဆယ်လိုဟာ မန်စီးတီးရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်ပေမယ့်လည်း ဒီနောက်ပိုင်းမှာ စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ ဆက်ဆံရေးပိုင်း အဆင်မပြေ ဖြစ်လာရာကနေ ပြီးခဲ့တဲ့ ဆောင်းစျေးကွက်မှာပဲ ဘိုင်ယန်မြူးနစ်ဆီ အငှားချဖြစ်ခဲ့ပါတယ်။ ဘိုင်ယန်က ကန်ဆယ်လိုကို ရာသီကုန်အငှား+ယူရိုသန်း(၇၀) အပြီးသတ် ခေါ်ယူခွင့်တို့နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပေမယ့်လည်း လက်ရှိမှာ သူ့ကို ဘိုင်ယန်ဘက်က အပြီးသတ် ခေါ်ယူဖို့ ဆန္ဒမရှိတာကြောင့် အငှားသက်တမ်း ပြည့်တာနဲ့ စီးတီးကိုသာ ပြန်သွားရတော့မှာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

အသက် (၂၉)နှစ်အရွယ် နောက်ခံအစွန်လူ ကန်ဆယ်လိုဟာ မကြာသေးခင်ကမှ စီးတီးနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ထားပြီး ကျောနံပါတ် (၇)ပါ ပြောင်းလဲ ဝတ်ဆင်ခွင့် ရရှိထားတာ ဖြစ်ပေမယ့်လည်း လက်ရှိမှာတော့ စီးတီးဘက်က ကန်ဆယ်လိုကို လုံးဝ ရောင်းချသွားချင်တာကြောင့် တန်ကြေးကိုပါ လျှော့ချပေးသွားဖို့အထိ ဆန္ဒရှိလာခဲ့ပါတယ်။ ကန်ဆယ်လိုကို ဘာစီလိုနာအသင်းက စိတ်ဝင်စားနေပေမယ့် သူရဲ့ တန်ကြေးက ယူရိုသန်း(၇၀) ပေါင်(၆၂)သန်းအထိ ရှိနေတဲ့အပေါ် ကမ်းလှမ်းဖို့ အဆင်မပြေနိုင်ပဲ ပေါင်(၃၄)သန်းနဲ့သာ ကမ်းလှမ်းသွားချင်နေပါတယ်။

Photo Credit : Daily Mail

ဘာစီလိုနာကလည်း လာမယ့် စျေးကွက်ထဲမှာ အသင်းရဲ့ ညာခြမ်း ခံစစ် နေရာအတွက် ကစားသမားသစ်တစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားဖို့ ရှိနေရာ ကန်ဆယ်လို လိုမျိုး ညာခြမ်းရော ဘယ်ခြမ်းပါ ကစားသမားကိုလည်း ခေါ်ယူသွားချင်နေပါတယ်။ ဒါပေမယ့် ကန်ဆယ်လိုရဲ့ လက်ရှိ တန်ကြေးအတိုင်း ကမ်းလှမ်းဖို့ ခက်ခဲနေတာကြောင့် ဒါကို စီးတီးဘက်ကလည်း သူတို့ ကစားသမားရဲ့ တန်ကြေးကို လျှော့ချပေးသွားဖွယ်လည်း ရှိနေပါတယ်။

Photo Credit : Goal