အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ကြန့်ကြာနေတဲ့ ချဲလ်ဆီးအသင်းရဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား မေဆန်မောင့်ရဲ့ အခြေအနေကို မန်ချက်စတာယူနိုက်တက် လီဗာပူးလ်အသင်းတို့က စောင့်ကြည့်လျက် ရှိနေသလို လက်ရှိမှာလည်း မန်ချက်စတာစီးတီးအသင်းပါ မေဆန်မောင့်ကို စိတ်ဝင်စားလာခဲ့တယ်လို့ သိရပါတယ်။

Photo Credit : City Xtra

မန်စီးတီးအသင်းဟာ လာမယ့် နွေဈေးကွက်အတွင်းမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ကစားသမားသစ် အားဖြည့်မှုတွေ လုပ်ဆောင်သွားဖို့ ရှိနေပြီး အင်္ဂလန် ကွင်းလယ်လူတွေဖြစ်တဲ့ ဘယ်လင်ဟမ် မက်ဒီဆန်တို့ကို ပစ်မှတ်ထားလျက် ရှိနေသလို အခုလည်း မေဆန်မောင့်ကိုပါ စောင့်ကြည့်လာခဲ့ပါတယ်။ မန်စီးတီး ပစ်မှတ်ထားနေတဲ့ ဘယ်လင်ဟမ်နဲ့ မတ်ဒီဆန်တို့က ခေါ်ယူဖို့ ခက်ခဲနိုင်တဲ့ အခြေအနေတွေ ရှိနေတဲ့အချိန်မှာ အခုထိ ချဲလ်ဆီးအသင်းနဲ့ စာချုပ်သစ် မချုပ်ဆိုနိုင်သေးတဲ့ မေဆန်မောင့်ကို စီးတီးဘက်က ပိုမို စိတ်ဝင်စားလာခဲ့တာဖြစ်ပြီး မန်ယူနိုက်တက်နဲ့ လီဗာပူးလ်တို့ကလည်း မောင့်နဲ့ ချဲလ်ဆီးတို့ အခြေအနေကို အသေအချာ စောင့်ကြည့်လျက် ရှိနေပါတယ်။

Photo Credit : Football London

မန်စီးတီးအသင်းဟာ လာမဲ့ ဇွန်လမှာ အသင်းရဲ့ ဂျာမနီ ကွင်းလယ်လူ ဂန်ဒိုဂန်ကို အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပြုရဖွယ် ရှိနေတာကြောင့် သူ့နေရာမှာ ပြန်လည် အစားထိုးနိုင်ဖို့အတွက် CM ကစားသမားတစ်ဦးကို အလိုရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့် မန်စီးတီးက ဘယ်လင်ဟမ် မတ်ဒီဆန် မေဆန်မောင့်တို့ကို စောင့်ကြည့်လာခဲ့တာဖြစ်ပြီး ဘယ်လင်ဟမ်နဲ့ မက်ဒီဆန်တို့ကိုတော့ အသင်းရဲ့ ဦးစားပေး ပစ်မှတ်တွေအဖြစ် သတ်မှတ်ထားပေမယ့်လည်း ကလပ်အသင်းကြီးတိုင်း အလိုရှိနေတဲ့ ဘယ်လင်ဟမ်က ရီးယဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့ထဲက တစ်သင်းသင်းကိုသာ ရွေးချယ်သွားဖွယ် ရှိနေနိုင်ပြီး မက်ဒီဆန်ကိုတော့ လက်စတာဘက်က ပြောင်းရွှေ့ကြေးများစွာ တောင်းဆိုလာနိုင်ဖွယ်လည်း ရှိနေတာကြောင့် စီးတီးက မေဆန်မောင့်ကိုပါ ထပ်တိုး စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။ မေဆန်မောင့်ဟာလည်း သူ့အသက် (၆)နှစ်သား အရွယ်ကတည်းက ရောက်ရှိနေတဲ့ ချယ်လ်ဆီးအသင်းနဲ့သာ သက်တမ်းတိုးချင်နေပေမဲ့ လစာပိုင်းမှာ ညှိမရသေးတာကြောင့် စာချုပ်ကိစ္စ အပြီးသတ်ဖို့က ကြန့်ကြာနေရတာဖြစ်ပြီး အခုလို အခြေအနေကိုလည်း မန်ချက်စတာ နှစ်သင်းနဲ့ လီဗာပူးလ်အသင်းတို့က အနီးကပ် စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။