အင်္ဂလန်ကြယ်ပွင့် ကစားသမားလေး ဘယ်လင်ဟမ်ဟာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေထဲကမှ ရီးယဲလ်မက်ဒရစ် လီဗာပူးလ်တို့ကို ငြင်းဆန်ပြီး မန်ချက်စတာစီးတီးအသင်းကိုသာ ရွေးချယ်ကာ နည်းပြပက်ဂွာဒီယိုလာနဲ့ လက်တွဲလိမ့်မယ်လို့ မန်စီးတီးဘက်က ယုံကြည်နေတယ်လို့ သိရှိရပါတယ်။

After excelling at Borussia Dortmund - and enjoying an incredible World Cup with England - several of Europe's elite clubs are desperate for the 19-year-old's signature

Photo Credit : Daily Mail

အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပထားခဲ့သလို ကမ္ဘာ့ဖလားမတိုင်ခင်ကတည်း ဒေါ့မွန်အသင်းအတွက် ခြေစွမ်းပြထားနိုင်ခဲ့သူ ဘယ်လင်ဟမ်ဟာ လက်ရှိမှာ ဥရောပရဲ့ အတောက်ပဆုံး ဆယ်ကျော်သက် ကစားသမားလေးတစ်ဦးဖြစ်ပြီး သူ့ကိုလည်း ဥရောပထိပ်တန်း ကလပ်အသင်းကြီးတွေကလည်း အတော်လေးကို စိတ်ဝင်စားလို့နေပါတယ်။ လတ်တလောမှာတော့ အသက်(၁၉)နှစ်အရွယ်သာ ရှိနေသေးတဲ့ ကွင်းလယ် ကစားသမားလေး ဘယ်လင်ဟမ်ကို မန်စီးတီး လီဗာပူးလ်နဲ့ ရီးယဲလ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး ဒီ(၃)သင်းလုံးဟာလည်း လာမယ့်နွေမှာ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့အတွက် အကြိတ်အနယ်ကို ကြိုးပမ်းနေကြတဲ့ အသင်းတွေ ဖြစ်နေပါတယ်။

Manchester City are reportedly optimistic that England star Jude Bellingham will snub Real Madrid and Liverpool in favour of working under Pep Guardiola

Photo Credit : Daily Mail

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အလားအလာ အကောင်းဆုံး ကလပ်အသင်းအဖြစ် လီဗာပူးလ်အသင်းက ရပ်တည်နေပြီး လီဗာပူးလ်ကလည်း ယခင်ကတည်းက အသင်းရဲ့ လိုအပ်မယ့် နေရာအတွက် ကစားသမား ခေါ်ယူမှုတွေတိုင်းမှာ ငွေကြေးသုံးစွဲမှု ခပ်ကြမ်းကြမ်း လုပ်ဆောင်ထားခဲ့ဖူးတာကြောင့် အခုလည်း ဘယ်လင်ဟမ်အတွက် ပေါင်သန်း(၁၀၀)လောက်အထိ သုံးစွဲးရမယ်ဆိုရင်တောင် ရအောင် ကမ်းလှမ်းလာနိုင်ပါတယ်။ တစ်ဖက်မှာကလည်း ဈေးကွက်တိုင်းလိုလိုမှာ လိုချင်တဲ့ ကစားသမားတိုင်းအတွက် ငွေကြေးအများအပြား သုံးစွဲမှု ရှိတတ်တဲ့ ရီးယဲလ်ကလည်း ဘယ်လင်ဟမ်ကို အသင်းအတွက် အဓိကပစ်မှတ်ထားလို့နေပါတယ်။ ဒီအသင်းတွေနဲ့အပြိုင် ဘယ်လင်ဟမ်ကို စိတ်ဝင်စားနေတဲ့ မန်စီးတီးမှာက သူ့အသင်းဖော်ဟောင်း အာလင်ဟာလန်းအပြင် ဖိုဒန် ဂရီးလစ်ရှ် ဖီးလစ် ဝေါ်ကာ စတုန်းစ်တို့လို လက်ရွေးစင် အသင်းဖော်တွေနဲ့ ကစားသမားတွေကို ပိုမို တိုးတတ်လာအောင် ပြုစုပျိုးထောင်ပေးနိုင်တဲ့ နည်းပြကြီး ပက်ဂွာဒီယိုလာပါ ရှိနေတာဖြစ်လို့ ဘယ်လင်ဟမ်အနေနဲ့ အသင်းပြောင်းဖို့ စဉ်းစားလာခဲ့မယ်ဆိုရင် ရီးယဲလ် လီဗာပူးလ်တို့ထက် သူတို့အသင်းကို ရွေးချယ်လာနိုင်လိမ့်မယ်လို့ စီးတီးဘက်က ယုံကြည်နေပါတယ်။